Mind travels far
ဝေးလံတဲ့ အာရုံတခုကို ရယူတယ်။
အာရုံနဲ့ ပတ်တသက်ပြီး ယခုလို ပြောဆိုတတ်သည်။
အာရုံ နမိတ်။ စိတ် အာရုံ စသဖြင့် ယှဉ်တွဲပြီး
ပြောဆိုတတ်သည်။ ခေါ်ဝေါတတ်ပေသည်။
အာရုံ ဆိုသည်က လူတစ်ယောက်ရဲ့ စိတ်က သတိပြုမိပြီး
သိမြင်နေတဲ့ အရာကို ဆိုလိုပါတယ်။
အတိုချုပ်ပြောရရင် —
👉 စိတ်က ဖမ်းယူသိမြင်တဲ့ အရာကို “အာရုံ” လို့
ခေါ်ပါတယ်။
ဥပမာ
မျက်စိနဲ့ မြင်တာ → ရုပ်အာရုံ 👀
နားနဲ့ ကြားတာ → အသံအာရုံ 👂
နှာခေါင်းနဲ့ နမ်းတာ → အနံ့အာရုံ 👃
လျှာနဲ့ အရသာ သိတာ → အရသာအာရုံ 👅
ကိုယ်ခန္ဓာနဲ့ ထိတွေ့သိတာ → ထိတွေ့အာရုံ ✋
စိတ်နဲ့ တွေးသိတာ → ဓမ္မာအာရုံ 🧠
အာရုံနဲ့ပတ်သက်ပြီး တခါတရံ ကိုယ့်ကိုကိုယ်
ပြန်သတိထားမိတတ်သည်။ အာရုံတွေကလည်း
များလိုက်တာ။ ကိုယ်တိုင် သတိထားမိသလို
သူတစ်ပါးကိုလည်း ပြောဆိုတတ်သေးသည်။
အာရုံကာမဂုံတောထဲ တဝဲလည်လည်နေရတာကိုပင်
ပျော်လို့မဆုံးပေ။ အာရုံတောကြီးကလည်း
ဖမ်စားနိုင်လွန်တာကို။ လှတာလေးဆို ကြည့်ချင်
မိ။ သာယာသံလေးဆို နားစွန့်မိ။ မွှေးတာလေးဆို
နမ်းရှူးမိ။ လျှာမှာ စားလို့ကောင်းပြီဆို ဗိုက်ကားအောင်
အဝတွဲမိ။ နူးညံ့ အိစက်တဲ့ အထိ အတွေ့လေးဆိုပါမူ
မူးမူးမေ့မေ့ပေါ့။ အဲ့သဟာတွေအားလုံးကို စိတ်မှာ
တွေးပြီး လူ့ဘဝကြီးကို တွယ်တာခုံမင်နေသည်။
တခါ စိတ် ဆိုတာက
👉 သိမြင်တတ်တဲ့ သဘော ကို ဆိုလိုပါတယ်။
အာရုံကို သိမြင်နိုင်တဲ့ အရာကို “စိတ်” လို့ခေါ်သည်။
ဥပမာ
မြင်တာကို သိတယ်
ကြားတာကို သိတယ်
တွေးတာကို သိတယ်
ဒီလို သိမြင်နေတဲ့ သဘောကိုပဲ စိတ်။
အဲ့သည့် စိတ် ဆိုတဲ့ သကောင့်သားကိုတော့
ယခုထိ ကိုယ်တွေမှာ အုပ်ချုပ်နိုင်မှုမရှိသေးပေ။
သူသွားချင်ရာ သွား။ သူလွန့်ချင်ရာ လွန့်နေသည်။
စိတ်ကို ဝင်လေ ထွက်လေ မှတ်ပြီး ဆယ်မိနစ်၊
မိနစ်နှစ်ဆယ် သတိထားပြီး ထိန်းသိမ်းသည့်အခါမှာပင်
လွတ်ထွက်သွားသည့်အခါ ရှိသည်။ အော် ဒီစိတ်နဲ့
ခက်ရချည်းရဲ့။
👉 စိတ်က ဖမ်းယူသိမြင်တဲ့ အရာကို “အာရုံ” လို့
ခေါ်ပါတယ်။
👉 အာရုံကို သိမြင်နိုင်တဲ့ အရာကို “စိတ်” လို့ခေါ်သည်။
နမိတ် ဆိုသည်မှာ —
လူတစ်ဦး၏ အနာဂတ်တွင် ဖြစ်လာနိုင်သော အရာများကို ကြိုတင်သိမြင်စေသော အမှတ်အသား သို့မဟုတ် အချက်အလက် ကို ဆိုလိုသည်။
အတိုချုပ်အားဖြင့်
➡️ နမိတ် = အနာဂတ်ဖြစ်ရပ်ကို ကြိုတင်ညွှန်ပြသော
အမှတ်အသား ဖြစ်သည်။
အာရုံ၊ စိတ်နှင့် နမိတ်များကို ChatGPT မှာ မေး
ကြည့်ပြီး သကာလ နောက်ဆုံးပိတ် နမိတ်အတွက်
လူတိုင်းနီးပါး သိချင်ကြပေမည်။ ကျွန်တော်လည်း
သိချင်မိပါသည်။ အမိမြန်မာပြည်ကြီး၏ အနာဂတ်
အတွက် မည်သို့ ဖြစ်လာမည်လဲဆိုသည်ကို
သိချင်မိသလို။ ကမ္ဘာကြီးသည်လည်း အနာဂတ်မှာ
ဘာတွေဖြစ်လာမလဲဆိုသည်ကို အချိန်က ပြောပြ
ပေးသွားမှာမို့ စောင့်စား ကြည့်လိုက်ကြရအောင်ဗျာ။
အဲ့သလို စောင့်ကြည့်ဖို့ သတိတရားနဲ့ ကျန်းမာစွာ
ကြိုးစား နေထိုင်ကြပါစို့။