လူအကြီးရဲ့ စားပွဲနီ။

Words
152
Reading
1 min
Listen
Play
5h

ထိုင်းနိုင်ငံမှ ဆရာတော်ချော့အကြောင်းကြားရ
ပြန်တော့ မြန်မာပြည်မှ သင်ကန်းဝတ်များကိုလည်း
သတိထားမိစေသည်။ ကာမတဏှာဆိုသည်က
ရှောင်နိုင်ဖို့ခက်ခဲသည်။ သွေးသားဆူဝေသော
အရွယ်များမဆိုထားပါနှင့် သွေးဆုံးသည့်
အရွယ်များပင် ကမြင်းကြောထကြသေးသည်။
ကမြင်းကြောတဲ့ ရှေးလူကြီးများပြော၍
ကိုယ်တွေက လိုက်ပြီး သံယောင်ပြောမိသည်။

ငယ်စဉ်ကတော့ အမှုမဲ့ အမှတ်မဲ့ပေါ့ ကမြင်းကြော
ထတာ။ ကမြင်းကြောဆွဲတာ အဲ့သလို သူငယ်ချင်း
အချင်းချင်းလည်း စ သလို နောက်သလိုပြောခဲ့
သည်။ ကမြင်းကြောဆိုသည်က လူ၏ မည့်နေရာမှာ
ရှိသော အကြောကိုပြောတာ။ အဘယ်ကြောင့်
ကမြင်းကြောဟုပြောတာလဲ သိခဲ့ပါဘူး။
ငယ်ရွယ်သူ အတွေးနဲ့ ငါတို့ ဆော့လို့၊ ဆူလို့ ကမြင်းကြော
ထတာဟု လူကြီးတွေက ပြောတာ
နေမှာ စသဖြင့် အလွယ်တွေးပြီး ပြီးသွားသည်။

ယခု အသက်အရွယ်ရလာမှ ထိုကမြင်းကြော
ဆိုတာကြီးက အတော်ကို မလွယ်သော အကြော
ကြီးပါလားဟု တွေးမိသည်။ ဒီအကြောကြီးက
လူကြီးတွေ ဆော့သော တဏှာရာဂကြောကြီးကို
ပြောတာပါလားဟု ယခုအခါ စဉ်းစားမိသည်။
ဟံမယ်မင်း ငါးဆယ်ကျော်မှ ကမြင်းကြောကို
ရေးရေးသဘောပေါက်သော လူအကြီးတစ်ရောက်
အကြောင်းပါ‌ လေ။ လူဝတ်တွေ ကမြင်းကြောထတာပင်
သူ့အတိုင်းအတာနဲ့သူဆို ကဲ့ရဲ့စရာမရှိ။ လွန်လွန်ကြူးကြူး
သူများကိုသာ အပြစ်ပြောကြသည်။ လွန်ကြူးသူများကိုလည်း သဘာဝတရားက ရောဂါဆိုးဖြင့် ဒဏ်ခတ်စေသည်။
ဂတုံးများ ကမြင်းကြောထသည်က အတော်ကို အဆင်မပြေနိုင်ပေ။

တဏှာဆိုသည်ကလည်း လူတိုင်းနဲ့ မလွတ်ကင်းနိုင်
သောအရာပေ။ သို့ပေသိ ထိုတဏှာရာဂကို
လူဆိုသည်က အသိဉာဏ်ပညာဖြင့် ဘရိတ်အုပ်ကြရသည်။
နို့မို့ဆိုမှဖြင့် တိရစ္ဆာန်များကဲ့သို့ဖြစ်ကြမည်။
ယခုခေတ်က ပွင့်လင်းမြင်သာသောခေတ်မို့
တဏှာကြော၊ ကမြင်းကြောကြီး ထိန်းသိမ်းဖို့
အတော်ကို ခက်ခဲစေပေမည်။ မမြင်ချင်၊ မကြားချင်
အဆုံး ကိုယ့်ဘရိတ်ကို အုပ်နိုင်ပါမှတော်ကာကြ
ပေမည်။

လူဆိုသည်က အမြဲတမ်းလှုပ်ရှား ရုန်းကန်နေပါမှ
ထိုတဏှာကို မေ့ထားတတ်ကြသည်။ အားနေ၊
ယားနေ၊ ဝမ်းဝနေပါမူ တောင်တွေး မြောက်တွေးကာ
ကမြင်းကြောကြီးက ထတတ်ပေသည်။ သို့ပါသောကြောင့်
သူတော်စင်များက ညနေစာကို
မစားခြင်းဖြင့် တဏှာမီးကို အနည်းငယ် ငြိမ်းအေးစေသည်။
ထိုင်းမှ ကိုယ်တော်ချော့တို့က အစားအစာကို
မာတုကာမနှင့် အတူမှီဝဲပြီးသကာလမှာတော့
ဘာပြောကောင်းမလဲဗျာဆိုသလို။ သူတောင်းစား
ဗိုက်ဝတော့ ဘာဖြစ်တယ်ဆိုလား။ အဲ့သလိုတွေ
ဖြစ်ကုန်ကြတော့ပေါ‌ဟု ထပ်ပြီး လူအကြီးက
စဉ်းစား တွေးမိပြန်တာပါလေ။

htwegyi@htwegyi
September 18, 2026

လူအကြီးရဲ့ စားပွဲနီ။ | Ecency