Arsenal Leading EPL after Round 9

Words
221
Reading
1 min
3h
Listen to this post
~1 min

Manchester ညီနောင် အခြေမလှပေမဲ့ London ညီအကိုတွေကတော့ ဟုတ်နေခဲ့၏။ Manchester အသင်းတွေ ကိုယ်စီ ရှုံးပွဲတွေ့ကြုံခဲ့ရပေမဲ့ London အသင်းတွေက နိုင်ပွဲ ကိုယ်စီ ရခဲ့ကြ၏။ Chelsea က Man United ကို ၂-၀၊ Tottenham က Crystal Palace ကို ၂-၀၊ Arsenal က Liverpool ကို ၀-၁ ဖြင့် အသီးသီး အနိုင်ရသွားခဲ့ကြ၏။ Man City က ခဏထား၊ Man United ကတော့ အတော်ဆိုးဆိုးကြီးပါ။ Chelsea ကို အနည်းဆုံး သရေလောက်တော့ ကစားနိုင်မယ်လို့ ထင်မှတ်ထားခဲ့တာကိုး။

အသင်းက နိုင်ပွဲ ပျောက်နေတာလည်း ကြာတော့ ဒီတပွဲတော့ ပြန်လာနိုင်ပြီ ထင်ခဲ့တာ။ တကယ် ပြန်လာတာက Chelsea ဖြစ်နေရော။ Round 8 မှာ Tottenham ကို ၀-၂ နဲ့ ရှုံးထားတယ်။ ဒါကြောင့် Round 9 ဖြစ်တဲ့ Man United နဲ့ ပွဲစဉ်မှာ အနိုင်ရဖို့ လိုတယ်။ တကယ်လည်း အနိုင်ရအောင် ကစားသွားတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးတယ်။ ဒုတိယပိုင်းမှာမှ ဂိုးတွေပေးလိုက်ရတာ။ ၁-၀ ဖြစ်သွားပေမဲ့ ဆက်ကြည့်ဖြစ်သေးတယ်။ ၁-၀ ဖြစ်နေပေမဲ့ ကစားပုံက မဆိုးနေဘူးလေ။

ပင်နယ်တီ ပေးလိုက်ရချိန်မှာတော့ မကြည့်တော့ဘူး။ United ဂိုးသမား ကာကွယ်ရင် ကာကွယ်မှာ‌ပေါ့လို့ကို မတွေးနေတော့တာပါ။ စိတ် ဒုန်းဒုန်း ချပြီး ပွဲမကြည့်တော့ဘဲ live ကနေ ထွက်လိုက်၏။ နောက်ခံလူ Martinez ၏ ၂ ဝါ ၁ နီက မိနစ်ပိုင်းအတွင်းမှာပဲ အလွန်မြန်လွန်းလှ၏။ သားသတ်သမားက ပြိုင်ဘက်တွေကို မလှီးထုတ်ဘဲ ပရိတ်သတ်တွေကို အမှဲ့ခြွေ ခြွေသွားခဲ့၏။ အမှတ်လိုမှ အမှတ်မရ အနီကဒ်သာ ရတဲ့ အဖြစ်။

City ကြပြန်တော့ Carabao Cup round 4 မှာ ကိုယ်ဖြုတ်ထားတဲ့အသင်းက ခု EPL မှာ ကိုယ့်ကို ပြန်တီးထုတ် လိုက်တာပါပဲ။ ပထမပိုင်း ၁၁ မိနစ်မှာ သွင်းယူခဲ့တဲ့ Brighton ရဲ့ဂိုးကို City တို့ ပြန်လည် ချေပနိုင်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ Brighton အသင်းက အမှားအယွင်း မရှိ ခံစစ် ပိတ်ဆို့ကာ အကောင်းဆုံး တုန့်ပြန် ကစားသွားခဲ့တာပါ။ ဒီရာသီ စောင့်ကြည့်ရမယ့် အသင်းက Brighton လို့ကို ပြောရမယ် ထင်ပါရဲ့။

City ၏ အရှုံးကို အခွင့်အရေး သေချာယူသွားတာက Arsenal ဖြစ်ပါတယ်။ ၁၆ မိနစ်မှာ သွင်းယူခဲ့တဲ့ Havertz ရဲ့ တလုံးထဲသော ဂိုးကို Liverpool တို့ ပြန်လည်လို့ ချေပနိုင်ခြင်း မရှိခဲ့ပါဘူး။ အဆင့် ၁ နေရာ ပြန်ယူမယ်ဆို့ စိတ်တွေကပဲ သူတို့ကို နိုင်ပွဲ ရစေခဲ့တာပါ။ ၉ ပွဲကစားပြီး ၂၄ မှတ်နဲ့ Arsenal တို့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ City က ၂၁ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ တတိယနေရာမှာတော့ Brighton က ၁၉ မှတ်နဲ့ ရပ်တည်နေပါတယ်။

(photos from EPL page)

Arsenal Leading EPL after Round 9 | Ecency