ကလေးမိတ်ဆက်။

Words
166
Reading
1 min
5h
Listen to this post
~1 min

ကျွန်တော့်တူမ၊ အမရဲ့ သမီးကမွေးသည့် ကလေး
သည် ကျွန်တော့်အမေအတွက် မြေးကမွေးသည့်
မြစ် ဖြစ်ပေသည်။ အမေ့သူငယ်ချင်း တဦးသည်လည်း
မြေး၊ မြစ်၊ တီ ရသည်အထိနေသွားရသည်။ အမေက
သူ့မြစ်ကို အခုထိ သူမချီရသေးဟု ပြောသည်။

"ခုခတ်က အမေတို့ခေတ်လိုမဟုတ်တော့ဘူး အမေရဲ့
သူရို့ကလေးကို ကိုင်မယ်၊ ချီမယ်၊ ပွေ့မယ်ဆိုရင်
လက်ကို အရင်‌ဆေးရတယ်။ ဆပ်ပြာနဲ့ မဆေးနိုင်ရင်
ဟမ်းဂျဲ ဆိုလား ဘာဆိုလား။ အဲ့သဟာနဲ့ ဆေးပြီး
ပွတ်ပြီးမှ သူ့ရို့ကလေးကို ထိရတာ"

"ဟယ် ငါတို့တုန်းကဖြင့် အဲ့သဟာတွေ မကြား
ဖူးပေါင်၊ မွေးပြီး အနှီးထဲပစ်ထားပြီး အလုပ်လုပ်ကြ
ရတာပါ။ ကလေး ငိုရင် လုပ်လက်စ အလုပ်ထားပြီး
နို့တိုက်လိုက်တာပဲ။ ကိုယ်မရှိရင် အိမ်နီးချင်း ကလေး
အမေတယောက်ဆီမှာ နို့သွားတိုက်ခိုင်းလိုက်တာ။
ကလေးတယောက်များ ညည်းတိုလို ကရိကထ မများ
ပါဘူးအေ"

အမေနဲ့ အမတို့ အပြန်အလှန်ပြောနေကြသည်။
အမေက လေဖြန်းထားသည့်ကြားမှ သူ့မြေး၏ ကလေးကို
ချီချင်သေးသည်။ သူကိုယ်တိုင်ပင် ထိုင်ရ၊ ပြုရတာ
ကူညီတဲ့သူရှိမှဖြစ်သည်။ အမေ့ စိတ်က ချီချင်စိတ်
ပေါက်သဖြင့် နှုတ်မှ အားသာပြေ ပြောခြင်းဖြစ်ပေ
သည်။ ဆေးရုံမှ ဆင်းလာသည့် ညက ကလေးငိုသံ
တညလုံးကြားရသည်။ ‌ဆေးရုံမှာ အအေးပေးစက်
များတပ်ဆင်ထားသဖြင့် အ‌ဆင်ပြေသည်။ ကျွန်တော်
တို့အိမ်ရောက်တော့ ပူရှာသဖြင့် ကလေးပေါက်စ
ငိုခြင်းဖြစ်ပေမည်။ အမေက ကလေးသံကြားတော့

"ဟဲ့ သွားခေါ်ချည်ပါဟဲ့ သူ့အမေက
အိပ်ပျော်လို့နေမှာ"

"အမေကလည်း အိုက်လို့ ငိုတာနေမှာပေါ့။
သူ့အမေရော၊ သူ့‌အဖေရော၊ သူ့အဘွားရော
ရှိကြပါတယ်" ပြောရသည်။

နှစ်နာရီကြားတခါ ကလေးငိုသံကြားတိုင်း အမေက
ကျွန်တော်တို့ကို နှိုး၍ ပြောနေလေသည်။ ထိုညက
တညလုံး အိမ်ရှိလူကုန်း အိပ်ရေးပျက်ကြသည်။
ကလေးပေါက်စက 27ရက်နေ့ မနက် 4:44 နာရီမှာ
မွေးသည်။ မနေ့က ထိုကလေးမွေးရက်နဲ့ နာရီကို
ချဲထိုးကြသည်။ 274 ဟု အတိတ်ကောက်ပြီး
ထိုးကြသည်။ 7က ပါဝါချိန်း ထွက်သွားတာဟု
ပြောကြပြန်သည်။

လူတို့သည် ကိုယ်သန်ရာ သန်ရာ ပြုလုပ်ကြသည်။
ချဲ နှစ်လုံး ဝါသနာပါသူက ကိုယ်စိတ်ကူးနဲ့ကိုယ်
ထိုးသည်။ ကလေးအဖေကတော့ သူ့သားအတွက်
အေအိုင်ကို မေးမြန်ပြီး သူသိရှိသည်များကို
သူ့သားအတွက် ပြုလုပ်ပြန်သည်။ သားဦး ဆိုသဖြင့်
ကလေးမိဘနှစ်ဦးက သူရို့က‌လေးအတွက် ရူးကြ
သည်မှာ အမှန်ပင်ဖြစ်ပေတော့သည်။

htwegyi@htwegyi
November 2, 2026