Special Saturday

Words
231
Reading
2 min
12h
Listen to this post
~2 min

EPL တကျော့ပြန်လည်လို့ ရောက်ရှိလာပြန်ပြီ။ ဒီတပတ်က Round 9 ဖြစ်၏။ ဒီတပတ်မှာ စိတ်ဝင်စားစရာ ပွဲစဉ်တွေ ပြည့်နေပြန်၏။ အထူးသဖြင့် Chelsea vs Man United, Liverpool vs Arsenal တို့၏ ပွဲစဉ်တွေပေါ့။ စနေနေ့ရဲ့ အစောဆုံး ပွဲစဉ်အဖြစ် Chelsea vs Man United တို့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ Chelsea က ၁၃ မှတ်နဲ့ အဆင့် ၅၊ Man United က ၇ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ အသီးသီး ရပ်တည်နေ၏။

Chelsea အနေနဲ့ ကြားရက်မှာတုန်းက Liverpool နဲ့ Carabao Cup ပွဲစဉ် ကစားထားရ၏။ ပင်နယ်တီ အဆုံးအဖြတ်နဲ့ Round 4 အဆင့်မှာတင် ထွက်ခွာခဲ့ရပြီ ဖြစ်၏။ ပြည်တွင်းပြိုင်ပွဲတွေသာ ယှဉ်ပြိုင်ရမယ့် Chelsea အနေနဲ့ Carabao Cup ကို လက်လွှတ်လိုက်ရပြီ ဖြစ်၏။ United ဆိုရင် Round 3 ကတည်းက နှုတ်ဆက်ထွက်ခွာနှင့်ပြီး ဖြစ်၏။ နည်းပြသစ် Xabi Alonso လက်ထက်မှာ Chelsea အနေဖြင့် ခြေစွမ်းပိုင်း တည်ငြိမ်ဖို့ အရင်လုပ်နိုင်ဖို့ လိုမည် ဖြစ်၏။ ကောင်းသည့်ပွဲ ထကောင်းပြီး မကောင်းသည့်ပွဲဆိုရင်လည်း အတော်ဆိုးဆိုးပင်။

United ကကော ဘာများထူးလို့လည်း နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာ အတော်ကြာခဲ့ပြီ။ ဒီဘုတ်အဖွဲ့ ဒီကစားသမားတွေနဲ့ နည်းပြ Michael Carrick တယောက် မည်သို့ စီမံမည်နည်း။ ပြီးခဲ့သော တပတ်မှာ Bournemouth ကို အိမ်ကွင်းမှာ ၀-၃ နဲ့ ရှုံးနိမ့်ခဲ့၏။ ပရိတ်သတ်တွေ၏ သည်းခံနိုင်စွမ်းက အတော်လေး လျော့လို့လာခဲ့ပြီ။ နည်းပြ အပေါ်မှာတော့ မဟုတ်ပေ၊ ဘုတ်အဖွဲ့ ပေါ်မှာ ဖြစ်၏။ ဒီလူတွေ လက်ထဲမှာ United ၏ အခြေအနေက ပိုပို၍ ဆိုးရွားလာခဲ့သည် မဟုတ်လား။

Round 8 မှာ ၂ သင်းလုံး ရှုံးပွဲတွေ့ထားပြီး Chelsea အိမ်ကွင်း ဖြစ်နေတာကြောင့် Calendar အရဆို ဒီပွဲက Chelsea အနေနဲ့ ရလဒ်ကောင်းတွေ ရယူသွားနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ စနေနေ့မှာ EPL ပွဲစဉ် ၆ ပွဲ ကစားသွားဖို့ ရှိနေပါတယ်။ နက်ဖြန် မနက် ၁၂ နာရီနဲ့ မနက် ၂ နာရီခွဲ ပွဲစဉ်တွေကိုပါ ထည့်တွက်လိုက်ရင်တော့ ၈ ပွဲထိ ကစားသွားဖို့ ရှိနေပါတယ်။

Carabao Cup round 4 မှာ ပူပူနွေးနွေးတွေ့ဆုံထားတဲ့ Man City နဲ့ Brighton တို့ ဒီတပတ် EPL Round 9 မှာ ပြန်လည်တွေ့ဆုံနေပါတယ်။ Carabao Cup မှာတုန်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ Brighton တို့ ရှုံးနိမ့်ထားပါတယ်။ အရံကစားသမားတွေ ပွဲထုတ်ခဲ့တာမို့ဆိုပြီး အကြောင်းပြလို့ရပေမဲ့ EPL မှာတော့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာဖို့ ရှိနေမှာပါ။ City အနေနဲ့ ပြီးခဲ့တဲ့ တပတ်မှာ Aston Villa ကို ၂-၁ နဲ့ ရှုံးနိမ့်ထားခဲ့တာမို့ အမှတ်ကွာဟမှု သိပ်မရှိတော့ပါဘူး။ သွင်းဂိုး အများဆုံး အသင်း ၂ သင်း ထိပ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားဖို့ ကောင်းမှာ အသေအချာပါပဲ။

Special Saturday | Ecency