အကျည်းတန် မနက်ခင်း။

Words
206
Reading
1 min
2h
Listen to this post
~1 min

စနေနေ့မနက်တိုင်း တပတ်တခါ ကျွန်တော်က
ဆွမ်းလောင်းသည်။ အရှေ့တလမ်းကျော်ရှိ လမ်းကြီး
သို့သွား၍ ဆွမ်းခံ ကိုရင်အတန်းကို သွားလောင်းခြင်း
ဖြစ်သည်။ ကိုရင်များက ယခင်က ဆယ်ပါးကျော်ခန့်
ဆွမ်ခံကြွလာတတ်သည်။ ယခုတော့ ဆယ်ပါးထိ
မပြည့်တော့ပေ ငါးပါး၊ ခုနှစ်ပါးခန့်ဖြင့်သာ ဆွမ်းခံ
ကြွလာတော့သည်။ မည်သို့ကြောင့် ကိုရင်များ
လျော့နည်းသွားသည်ကို မသိပေ။

ဆွမ်းလောင်းဖို့ မနက်စောစော ငါးနာရီထ၍ ဆွမ်း
ချက်သည်။ ဆွမ်းချက်သည်ဆိုသည်မှာလည်း
ထမင်းပေါင်းအိုးဖြင့် တည်သည်ဖြစ်၍ အဆင်ပြေ
သည်။ ဆွမ်းဟင်းက မနေ့ကတည်းကချက်ထား၍
ပြန်ပြီး နွေးယုံသာ။ ထမင်းအိုးတည်ထားပြီး ခြင်ထောင်
အတွင်း ဝင်ကာ ဝင်လေထွက်လေ မှတ်ယူသည်။
မိနစ်သုံးဆယ်အကြာ တရားမှတ်ပြီးသည်နှင့်
ထမင်းပေါင်းအိုးလည်း ကွက်တိကျက်ပေသည်။

ဆွမ်းလောင်းခြင်း၊ တရားမှတ်ခြင်းများက ကုသိုလ်
ရရန်၊ လောဘ ဒေါသများနည်းရန်အတွက်
အများအားဖြင့် သတ်မှတ်သည်။ သို့ပေသိ
ယနေ့ မနက်ပိုင်းမှာတော့ ထိုကုသိုလ်များ
ပျောက်၍ ဒေါသများ ရောက်ရှိလာလေသည်။
ထုံးစံအတိုင်း ကျွန်တော်က ထမင်းအိုးပေါင်းအိုး
ခလုတ်ဖွင့်ပြီး တရားထိုင်သည်။ တရားထိုင်ပြီး၍
ထမင်းပေါင်းအိုးကိုကြည့်သည့်အခါ ပေါင်းအိုး
မီးက မလင်းပေ။ ဘာဖြစ်တာလဲပေါ့ မီးလည်း
လာပါရဲ့။ ပေါင်းအိုးတည်ထား သော မီးခလုတ်ကို
ပိတ်ထားသဖြင့် မီးမလင်းခြင်းဖြစ်သည်။ ထမင်း
ပေါင်းအိုးကို ဖွင့်ကြည့်သောအခါ ထမင်းများက
မြုံပွ ပွနေသည်။

အဲ့သည်မှာ တရားထိုင်ပြီး ဆွမ်းလောင်းမည့်သူ
ကျွန်တော်သည် ဒေါသထွက်ပါလေသည်။ ထမင်း
ပေါင်းအိုး မီးခလုတ်နှင့် အိမ်သာမီးခလုတ်က
အတူတူဖြစ်သည်။ အိမ်သာတက်သည့်အခါ
အိမ်သာ မီးလုံးအတွက် ပလပ်ပေါက်ထိုး၍
ဖွင့်ရသည်။ တာယာပွကြီးက အိမ်သာ
တက်ပြီး ပလက်‌ပေါက်ကို မဖြုတ်ပဲ မီးခလုတ်ကို
ပိတ်သွားသည်။ အဲ့သည်မှာ ပေါင်းအိုးမီးပါ ပိတ်သလို
ဖြစ်သွားသည်။

ထမင်းပေါင်းအိုးက ကျက်ကာနီး ရေပျစ်‌ နေသည့်
အချိန်မှာ ကွက်တိဖြစ်သမို့ အတော်ကို ဂွကျသည့်
အချိန်ဖြစ်သည်။ တာယာပွကြီးကိုကျွန်တော်က
ပြောမိသည်။ မင်းကွာ ထမင်းပေါင်းအိုးတည်ထား
တာကို မတွေ့ဘူးလားဟု ပြောလိုက်သည်။
အဲ့သမှာ တာယာပွကြီးက အေးပါ ငါသတိမထား
မိလိုက်ဘူး၊ မေ့သွားတာဟု ပြောပါရင် ကိစ္စမရှိတော့ပေ။
ယခုတော့ သူက ကျွန်တော့်ကို ရန်ပြန်တွေ့သဖြင့်
မနက်စောစော စကားများကြသည်။

ဒေါသ ဆိုသည့်အရာက ဖြစ်မိပြီဆိုပါမူ ဘရိတ်အုပ်ဖို့
အတော်ခက်သည်။ ထိုဒေါသကို စိတ်ရှိတိုင်း
လွတ်ပေးလိုက်ပါမူ အန္တရာယ်များကြပေမည်။ တာယာ
ပွကြီးက စကားများရင်း မနက်မိုးမလင်းခင်
သူ့ရဲ့ လက်ကျန် ပုလင်းဖွင့်ပြီး သောက်၍ စကားများ
ဆက်များနေသည်။ မနက်စောစော ကုသိုလ်က
အကုသိုလ်ဖြစ်ချေသည်။ စိတ်ကို ဘရိတ်အုပ်ကာ
ပါးစပ်ပိတ်ထားဖို့ ကြိုးစားရပေသည်။ ဒေါသကို
ထိန်းဖို့ အတော်ကို ကြိုးစားရပေသည်။

ဒေါသ အနည်းငယ်ပြေသည့်အခါမှာ ငါက
ဘာလို့ ပြောမိပါလိမ့်။ ဒီလိုပြောလို့ ထမင်းအိုးက
ပြန်ကောင်းလာပါ့မလား။ မပြောပဲ နေလိုက်ရင်
ဒီလို စကားများစရာ အကြောင်းမရှိဘူး။ သူကလည်း အေးကွာ
ငါ သတိမထားမိလိုက်ဘူး စသဖြင့် အသီးသီး
ပြောဆိုခဲ့ကြပါရင် မနက်ခင်း‌သည် သာသာယာယာ
အေးချမ်းခဲ့ပေမည်။ အသက်တွေလည်း ကြီးနေကြပြီ
ဒေါသတွေ ကြီးနေကြတုန်းပါလားလေ။

htwegyi@htwegyi
October 31, 2026