Can United Do

Words
257
Reading
2 min
3h
Listen to this post
~2 min

EPL ပွဲစဉ်များ တဖန်ပြန်လည်လို့ ရောက်ရှိလာပါပြီ။ စနေနေ့မှာ ၃ ပွဲ၊ တနင်္ဂနွေနေ့မှာ ၇ ပွဲ ကစားသွားမှာ ဖြစ်ပါတယ်။ နက်ဖြန် ပွဲစဉ် အများကြီး ကြည့်ရမှာပါ။ ပြီး နက်ဖြန် ပွဲစဉ်တွေက ပိုပြီး ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။ စနေနေ့ရဲ့ အစောဆုံး ပွဲစဉ် မနက် ၂ နာရီခွဲမှာ ကစားသွားတဲ့ Nottm Forest vs Chelsea ပွဲစဉ်မှာ အိမ်ရှင် Nottm Forest က Chelsea ကို ၃-၂ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဦးဆောင်ဂိုးတွေကို Nottm Forest ကပဲ အရင် သွင်းယူခဲ့တာပါ။ ၅ မိနစ်၊ ၅၁ မိနစ်တွေမှာ ဦးဆောင်ဂိုး ၂ ဂိုး ရရှိခဲ့တာပါ။ ၅၄ မိနစ်မှာ Chelsea က ချေပဂိုး ပြန်သွင်းလို့ မျှော်လင့်ချက် ရောင်ခြည်လေး သန်းပြီလား ထင်မှတ်ထားချိန်မှာပဲ Nottm Forest က နောက်ထပ် ဦးဆောင်ဂိုးကို ၇၂ မိနစ်မှာ သွင်းယူပါတယ်။ Chelsea တို့ နောက်ကနေပဲ ကစားနေခဲ့ရတာပါ။ ၈၉ မိနစ်မှာ ချေပဂိုး ပြန်လည် သွင်းယူပေမဲ့ သရေတမှတ် ရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

EPL နဲ့ ပြည်တွင်း ဖလားတွေကိုသာ အာရုံစိုက်စရာပဲ ရှိတဲ့ Chelsea အနေနဲ့ ဒီထက် ရလဒ်ကောင်းတွေ ပိုမို ရသင့်ပါတယ်။ နောက်ဆုံး ကစားထားတဲ့ ၅ ပွဲမှာ ၁ ပွဲ အနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံး ဆိုတဲ့ ရလဒ်က သိပ် မဟုတ်သေးပါဘူး။ ခုလည်း တပွဲ ထပ်ရှုံး ပြန်ပါပြီ။ EPL မှာ ၃ ပွဲဆက် အရှုံးနဲ့ တွေ့ဆုံထားရခြင်း ဖြစ်ပါတယ်။ သူများအသင်း သိပ်မပြောရဲဘူး ကိုယ်တွေ အသင်းက တန်းဆင်းဇုန်မှာ။ ဒါပေမဲ့ Chelsea အနေနဲ့ ခုလို ရလဒ်တွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ထင်ကို မထင်ထားတာပါ။ နည်းပြ Xabi Alonso အနေနဲ့ တခုခုတော့ လုပ်မှ ရပါလိမ့်မယ်။

ည ၉ နာရီခွဲမှာတော့ Leeds vs Coventry, Man United vs Brentford တို့ ယှဉ်ပြိုင် ကစားကြမှာပါ။ Leeds အနေနဲ့ ပြီးခဲ့တဲ့ တပတ်မှာ Chelsea ကို အဝေးကွင်းမှာ ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။ အသင်းကြီးတွေကို ဒုက္ခ ပေးလေ့ ရှိပေမဲ့ ခြေရည်တူ၊ တန်းတူ အသင်းတွေနဲ့ဆိုရင်တော့ အနည်းနဲ့ အများ ရုန်းကန်ရလေ့ ရှိပါတယ်။ လက်ရှိမှာ အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ Leeds အနေနဲ့ Coventry ကို အနိုင်ယူသွားဖို့ ရှိနေပါတယ်။

ကနဦး မိတ်ဆက် အဖွင့်ပွဲမှာ အဆင်မပြေခဲ့တဲ့ နည်းပြ Pochettino အတွက် ဦးဆောင် စီမံနိုင်စွမ်းကို ပြရမယ့် နောက်ထပ် ပွဲစဉ်တခုပါပဲ။ ပြီးခဲ့သော တပတ်မှာ Liverpool ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို ဒီတပတ်မှာ ချေဖျက်ပြနိုင်ဖို့ လိုပါမယ်။ ကြားရက် UCL ပွဲစဉ်မှာတော့ Sporting CP ကို ၂-၂ သရေ ကစားထား နိုင်ခဲ့ပါတယ်။ Brentford ကလည်း ဒုက္ခ ပေးနေကြ အသင်းမို့ လျှော့တွက်လို့ မရပါဘူး။ Brentford မှ မဟုတ်ပါဘူး အသင်းတိုင်းက ခုဆို United ကို ဒုက္ခ ပေးမယ့် အသင်းတွေ ချည်းပါပဲ။ ၁၁ vs ၁၁ သာ ကစားရမယ်ဆိုရင်တော့ နည်းပြ Pochettino ကို ယုံကြည်ထားကြည့်ချင်ပါတယ်။

(photos from EPL page)