Round 5 & 4

Words
210
Reading
1 min
1d
Listen to this post
~1 min

UCL round 5 အပြီးမှာ UEL round 5 နှင့် UECL round 4 ပွဲစဉ်တွေ ဆက်လက် ကစားကြ၏။ လိဂ် ပြိုင်ပွဲ ၃ ခုလုံးမှာ EPL အသင်းတွေ အခြေအနေကောင်းနေသည်ဟု ပြောလို့ရ၏။ ကွာတားအဆင့်၊ ၁၆ သင်းအဆင့် ဆက်လက် ယှဉ်ပြိုင် ကစားခွင့်များ ရရှိထားကြ၏။ Man United ကလွဲလို့ အားလုံး အဆင်ပြေနေသည်ဟု ပြောရင် ပို၍ မှန်မည် ထင်ပါ၏။

UEL round 5 အပြီးမှာ ၅ ပွဲ ကစား ၅ ပွဲနိုင် ရာနှုန်းပြည့် နိုင်ပွဲနဲ့ ဦးဆောင်နေသူက Bournemouth ဖြစ်လေ၏။ အဆင့် ၂ မှာတော့ Juventus က ရမှတ် ၁၃ မှတ်နဲ့ နောက်က လိုက်နေခဲ့၏။ လောလောဆယ် ထိပ်ဆုံး ၈ သင်း ရပ်တည်မှု အခြေအနေအရ နိုင်ငံစုံက အသင်းတွေ ချည်း ဖြစ်နေ၏။ တနိုင်ငံ တသင်းစီ ၈ နိုင်ငံမှ ၈ သင်း ဖြစ်နေ၏။ ခြေမျှ နေကြသည်ဟု ဆိုရမည်ထင်။

EPL မှ Crystal Palace နှင့် Sunderland တို့ကလည်း ရမှတ် ၈ မှတ်စီဖြင့် အဆင့် ၁၂ နှင့် ၁၃ နေရာမှာ အသီးသီး ရပ်တည်နေ၏။ မနက် အစောမှာ ကစားသွားသည့် Round 5 ပွဲစဉ်တွေမှာ Bournemouth က Celta Vigo ကို ၁-၂၊ Crystal Palace က Real Sociedad ဆို ၂-၁ တို့နှင့် အသီးသီး အနိုင်ရရှိသွား၏။ Sunderland ကတော့ Poland ကလပ် Jagiellonia Bialystok နှင့် ၁-၁ သရေကျသွားခဲ့လေ၏။

UEL round 5 ၏ သွင်းဂိုး အများဆုံး ပွဲစဉ်ကတော့ Olympiacos vs Mila နှင့် Sparta Prague vs AZ Alkmaar တို့၏ ပွဲစဉ် ဖြစ်၏။ ၂ ပွဲလုံး ၂-၄ ဆိုသည့် ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့၏။ သွင်းဂိုး အနည်းဆုံးကတော့ Ferencváros vs NK Celje နှင့် Lyon vs Lillestrøm တို့၏ ပွဲစဉ် ဖြစ်၏။ ၂ ပွဲလုံး ဂိုးမရှိ သရေရလဒ်တွေသာ ထွက်ပေါ်ခဲ့၏။

UECL မှာတော့ EPL မှ တသင်းထဲသော အသင်း Brighton အနေဖြင့် ၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်နေ၏။ အဆင့် ၁ နေရာမှာတော့ France ကလပ် Monaco က ရာနှုန်းပြည့် နိုင်ပွဲ ရယူထားပြီး ရမှတ် ၁၂ မှတ်ဖြင့် ရပ်တည်နေ၏။

(photos from Europa League page)