United Got 1 Point

Words
220
Reading
1 min
2d
Listen to this post
~1 min

UCL round 5 ကစား အပြီးမှာ အမှတ်ပေးဇယား ရပ်တည်မှု အပြောင်းအလဲလေးတွေ ‌ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီတပတ်မှာ PSG အနေနဲ့ Roma ကို ၂-၂ သရေကျသွားတာကြောင့် ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားတဲ့ စံချိန် ပျက်သွားခဲ့ပါပြီ။ လက်ရှိမှာ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့အသင်း ဆိုလို့ Real Madrid တသင်းထဲသာ ကျန်ပါတော့တယ်။ Real Madrid အနေဖြင့် ၅ ပွဲ ကစားပြီး ၅ ပွဲနိုင် ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ PSG ကတော့ ၁၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အဆင့် ၃ ကနေ ၆ အထိ အသင်းတွေကတော့ ၁၂ မှတ်စီ ရရှိထားပါတယ်။ ဂိုးကွာခြားချက်အရ အဆင့် ရပ်တည်မှု ကွာသွားတာပါ။ Como က အဆင့် ၃၊ Barcelona အဆင့် ၄၊ Liverpool အဆင့် ၅၊ Real Betis အဆင့် ၆ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။ Arsenal က ၁၁ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ City ကတော့ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ကွာတားဖိုင်နယ်ကနေ စောင့်နေမယ့် ထိပ်ပိုင်း ၈ သင်း စာရင်းထဲမှာ Spain က ၃ သင်း၊ England က ၃ သင်း၊ France က ၁ သင်းနဲ့ Italy က ၁ သင်း ပါဝင်နေပါတယ်။ ထိပ်ဆုံး ၈ သင်း စာရင်းထဲမှာ Como ကတော့ တကယ်ကို ချီးကျူးရမယ့် အသင်းပါပဲ။ ထင်မှတ် မထားတာတွေကို လုပ်ပြထားပြီး အသင်းကြီးတွေကို ဖြတ်ကျော်ကာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ခုမှ ပွဲစဉ်က ၅ ပွဲပဲ ပြီးသေးတာပါ။ ၈ ပွဲ ကစားရမှာမို့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ ရှိနေပါသေးတယ်။ ၃ ပွဲ ကျန်သေးတာမို့ ကွာတားဖိုင်နယ် စာရင်းက အပြောင်းအလဲ ရှိဦးမှာပါ။ လောလောဆယ် ၁၆ သင်း အဆင့် ကစားခွင့်ရမယ့်အသင်း တွေကတော့ အဆင့် ၉ မှ အဆင့် အဆင့် ၂၄ အထိ အသင်းတွေ ဖြစ်ပါတယ်။ ၂၅ မှ ၃၆ ထိ အသင်းတွေကတော့ နောက်တဆင့် တက်ခွင့်မရဘဲ အိမ်ပြန်ကြရမှာ ဖြစ်ပါတယ်။

Man United အနေနဲ့ Sporting CP ကို အဝေးကွင်းမှာ ၂-၂ သရေ ကစားပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။ ထုံးစံအတိုင်း ရိုးရာမပျက် အနီကဒ်လေးက ပါလျက်ပေါ့။ ၉၀+၃ မိနစ်မှာ Tielemans ၂ ဝါ ၁ နီနဲ့ ထုတ်ပယ် ခံခဲ့ရတာပါ။ ကစားရမယ့် ပွဲစဉ်တွေ ကျန်နေသေးတာမို့ ၁၆ သင်းဆင့် ကစားခွင့်တော့ သေချာမှာပါလေ။

(photos from UEFA UCL page)