Derby is Over

Words
179
Reading
1 min
5d
Listen to this post
~1 min

Arsenal, Man City တို့ သရေ ရလဒ်တွေ ထွက်ပေါ်ထားချိန်မှာ Brighton အနေဖြင့် အခွင့်အရေး ရယူဖို့ အကောင်းဆုံး ဖြစ်၏။ Hull City ၏ အိမ်ကွင်း ဖြစ်နေခြင်းက Brighton အတွက် အခက်‌တွေ့စေ၏။ Brighton ကလည်း ဟာသ၊ အသင်းကြီးတွေကိုကြ အနိုင်ကစားနိုင်ခဲ့ပြီး သူလို ကိုယ်လို အသင်းချင်း ဆုံရင် အတော်လေး ခက်ခက်ခဲခဲ ကစားရလေ့ ရှိ၏။ ခုလည်း Hull City ကို တော်တော်နဲ့ ဂိုးမသွင်းနိုင်ခဲ့ပေ။

ဂိုး မသွင်းနိုင်ပါဘူးဆိုပေမဲ့ ဂိုးတော့ ပေးလိုက်ရ၏။ ၉၀+၂ နှင့် ၉၀+၅ မိနစ်တို့မှာ အိမ်ရှင် Hull City တို့ ၂ ဂိုးဆက် သွင်းယူပြီး အနိုင် ၃ မှတ် ရယူသွားခဲ့လေ၏။ ယခုပွဲ အနိုင်မှုကြောင့် Hull City အနေဖြင့် ရမှတ် ၁၄ မှတ်ဖြင့် အဆင့် ၁၁ နေရာမှာ ရပ်တည်နေ၏။ Brighton အသင်းကတော့ ပိုနေမြဲ ကျားနေမြဲ အဆင့် ၂ နေရာမှာ ရပ်တည်နေ၏။

Man United အနေနဲ့ နည်းပြသစ် Pochettino ၏ အဖွင့်‌ပွဲစဉ်မှာ မျက်နှာပန်း မလှ ဖြစ်သွားခဲ့ရ၏။ ပွဲစပြီး ၈ မိနစ်မှာတင် Yoro တယောက် တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ် ခံလိုက်ရ၏။ အဆိုပါ အနီကဒ် ပြစ်ဒဏ်ကို အချို့ကတော့ အငြင်းအခုန် လုပ်နေကြ၏။ United fan တွေဘက်က ကြည့်ရင် မမျှတပေမဲ့ Liverpool fan တွေဘက်က ကြည့်ရင်တော့ မျှတကောင်း မျှတနေပေလိမ့်မည်။

အစောပိုင်း မိနစ်မှာတင် တယောက်လျော့သွားခဲ့သည့် ဧည့်သည် United အဖို့ Liverpool ကို ထိန်းထားနိုင်ခြင်းငှာ မဖြစ်နိုင်တော့ပေ။ ၁၀ နှင့် ၁၃ မိနစ်တွေမှာ ဦးဆောင်ဂိုးတွေ ၂ ဂိုးဆက် ပေးလိုက်ရလေတော့၏။ United ၏ အလစ်အငိုက်ကို Liverpool က ကောင်းကောင်း အသုံးချသွားခဲ့လေ၏။

ဒုတိယပိုင်း ၆၆ နဲ့ ၈၂ မိနစ်မှာ Liverpool က နောက်ထပ် သွင်းဂိုး ၂ ဂိုး ထပ်မံ သွင်းယူကာ ၄-၀ နဲ့ United ကို ဂိုးပြတ် အနိုင်ယူသွားခဲ့၏။ နည်းပြသစ် Pochettino ၏ ဖွင့်ပွဲကတော့ အရှုံးနဲ့သာ အစပြုသွားခဲ့လေ၏။ ဒီ ဘုတ်အဖွဲ့ ဒီ ကစားသမားတွေနဲ့ ဘယ် နည်းပြ ပြောင်းပြောင်း ဒီပရိတ်သတ်တွေပဲ ကြေကွဲ ခံစားနေရဦးမှာပါလေ။

(photos from EPL page)