What a Lose

Words
212
Reading
1 min
17m
Listen to this post
~1 min

ပြောင်းလဲတိုင်း မပြောင်းလဲနဲ့တဲ့။ ဒါဟာ United ကို ပြောတာထင်ပါရဲ့။ Michael Carrick ကို ထုတ်ပယ်ပြီး နည်းပြ Pochettino ကို ခန့်တယ်။ နည်းပြသစ် လက်ထက်မှာ ၃ ပွဲ ပြီးသွားပြီ ၂ ပွဲရှုံး၊ ၁ ပွဲသရေ။ ရှုံးတဲ့ ၂ ပွဲက EPL သရေ ၁ ပွဲက UCL။ ၃ ပွဲမှာ EPL ၂ ပွဲက ဂိုးမသွင်းနိုင်ဘူး၊ UCL သရေပွဲပဲ ဂိုးရတယ်။ ၃ ပွဲမှာ ရဂိုး ၂ ဂိုး၊ ပေးဂိုး ၁၀ ဂိုးကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပေ။

Liverpool ကို ၄-၀ နဲ့ ရှုံးတာကထား။ တယောက်လျော့သွားတာရယ်။ ဝုန်းဝုန်းနဲ့ ၂ ဂိုး အမြန် ပေးလိုက်ရတာရယ်ကြောင့်လို့ ဆိုလို့ရသေးတယ်။ Brentford ကို ကြတော့ရော ဘာပြောမလဲ။ အိမ်ကွင်းကြီးမှာကို ၀-၄ နဲ့ ရှုံးရတယ်လို့။ ကြားလို့မှ မကောင်းပေ။ United ဟာ သရဲနီ မဟုတ်တော့၊ မှင်စာလေးသာ ဖြစ်လို့နေပြီထင်။ Old Trafford မှာ အသင်းတိုင်းက လုပ်ချင်သလိုကို လုပ်လို့နေကြ၏။ ဟို ကျော်ကျော်ဗို စကား ငှားသုံးရရင် Anfield မှာ ဟီးဟီးဟားဟား လုပ်လို့ မရဘူး ဆိုတာလေးပေါ့။ Anfield မှာ မရပေမဲ့ Old Trafford မှာတော့ မည်သူမဆို ဟီးဟီးဟားဟား လုပ်လို့ ရနေပြီ။

မနေ့က Brentford က ပထမပိုင်းမှာ ၂ ဂိုး ရ၏။ ဒုတိယပိုင်းမှာ ၂ ဂိုး ထပ်သွင်း၏။ ဖိနေတာက United ဂိုးသွင်းခွင့်တွေ ပိုရနေတာကလည်း United ဒါပေမဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်တာကလည်း United ပင်။ မနေ့က တသင်းလုံး သုံးစားမရ။ စုတ်ပြတ်နေတာပဲဟု ပြောရမည်။ ရှေ့ လယ် နောက် ဂိုး အားလုံး အတူတကွ ညံ့ဖျင်းနေခဲ့၏။ ကစားသမား အားလုံး၏ စိတ်တွေကကို အောက်ဆုံးသို့ ထိုးကျနေခဲ့ပြီ ထင်ပါရဲ့။ Brentford က တန်ပြန် တိုက်စစ်ကနေပဲ ရသည့် အခွင့်အရေးကို အမိအရ အသုံးချသွားခဲ့၏။

ယခုပွဲ ရှုံးနိမ့်မှုကြောင့် အဆင့် ၁၉ နေရာမှာပဲ ဆက်လက် ရပ်တည်နေပြီး ဒီနေ့ည ကစားမယ့် Crystal Palace vs Hull City ပွဲမှာသာ Crystal Palace က နိုင်သွားရင် United တို့ အဆင့် ၂၀ ရောက်သွားပေလိမ့်မည်။ ရှက်ဖို့ကောင်းပေစွ။ တသင်းလုံး လဲလိုက်ပါတော့။ စီနီယာအသင်းကြီးက ကစားသမားတွေ အကုန်လုံးကို U-20 နဲ့ 20 အောက်က ကစားသမားလေးတွေနဲ့သာ လဲလိုက်ပါတော့ဟု အကြံပြုချင်တော့၏။

နည်းပြလဲတာ အဖြေမဟုတ်ဘူးလို့ ဘုတ်အဖွဲ့လည်း သိတန်ကောင်းပါရဲ့။ တကယ်လဲရမှာက ဘုတ်အဖွဲ့ ဖြစ်လေ၏။ အမြစ်ပြတ်အောင် ကုရမယ့်အရာကို ဆေးမြီးတိုနဲ့ပဲ ကုနေသရွေ့ ရောဂါ မပျောက်ဘဲ နာတာရှည် ဆက်ဖြစ်နေပေလိမ့်ဦးမည်။ ဒီ ပရိတ်သတ်တွေပဲ ဆက်လက်ကြေကွဲ ခံစားကြရုံပေါ့။

(photos from EPL page)