မင်္ဂလာပါ မိတ်ဆွေတို့ရေ။
မနက်က ကျွန်တော်၏ အိမ် အနောက်ဘက်ရှိ စေတီတ်ေကို ရည်စူး၍ ကျင်းပသော ဘုရားပွဲ ကျင်းပခဲ့သည်။
ဘုရားပွဲ၌ ဆွမ်းလောင်းလှူရန် ထမင်း ဟင်းများကို ကွန်တော်တို့ ဇနီးမောင်နှံသည် မနက် သုံးနာရီကတည်းက အိပ်ရာထကာ ချက်ပြုတ်ခဲ့ကြပါသည်။
၅ နာရီ မထိုးခင် ချက်ပြုတ်ခြင်း ပြီးစီးခဲ့သည်။
သို့နှင့် အိမ်ရှိ ဘုရားအား ပထမဆုံး ဆွမ်းတော်တင်လှူခဲ့ပါသည်။
ထိုနောက်မှာတော့ ဆွမ်းလောင်းပွဲ ကျင်းပသည့် စေတီတော် ဆီသို့ ဆွမ်းထမင်း လှူဖွယ်များဖြင့် သွားရောက်ခဲ့ပါသည်။
ဘုရားဒါယိကာ မှ ကြာဆံဟင်း ဖြင့် ဧည့်ခံကျွေးမွေးပါသည်။
ကျွန်တော်တို့လည်း ဆွမ်းလောင်းလှူပြီး ကုသိုလ်ပြုဖြစ်ခဲ့သည့်အကြောင်းကို မျှဝေပေးလိုက်ပါသည်။