May you be filled with all blessings.
It has rained the past few days, so some of the fields are flooded.
Some of the fields have rice plants planted, while others are still too dry to plant.
In the morning, I went to another village.
Before I reached that village, the fields along the road were flooded.
I could see the reflection of palm trees in the water.
I also saw a small palm leaf hut on the edge of the field.
So I stopped the motorcycle, turned on my phone camera, and took a picture of the natural scenery.
In my eyes, looking at this rural landscape brings peace to my heart.
What do you think of my rainy season landscape reflections, friends?
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
ယခင်ရက်တွေက မိုးရွာထားတော့ လယ်ကွင်းအချို့မှာ ရေဝပ်နေကြပါပြီ။
အချို့လယ်ကွက်တွေမှာတော့ စပါးပင်တွေ စိုက်ပျိုးထားပြီး အချို့လယ်ကွက်တွေမှာတော့ ရေနည်းနေသေး၍ မစိုက်ပျိုးနိုင်သေးပါ။
မနက်က အခြားသော ကျေးရွာတစ်ရွာသို့ သွားရောက်ဖြစ်ခဲ့သည်။
ထိုကျေးရွာသို့ မရောက်ခင် လမ်းနဘေးက လယ်ကွက်တွေ၌ ရေများ ဖွေးနေကြသည်။
ရေပြင်၌ ထန်းပင်များ၏ အလင်းပြန်ပုံရိပ်များကို မြင်တွေ့ခဲ့ရသည်။
လယ်ကန်သင်းဘောင်ပေါ်က ထန်းရွက်တဲလေးကိုလည်း မြင်တွေ့ခဲ့ရသည်။
သို့ဖြစ်၍ ကျွန်တော်သည် ဆိုင်ကယ်ကို ရပ်နားကာ Phone Camera ဖွင့်ပြီး သဘာဝရှုခင်းကို ဓာတ်ပုံရိုက်ယူခဲ့သည်။
ကျွန်တော်၏ မျက်စိထဲမှာတော့ ဒီလို ကျေးလက်သဘာဝရှုခင်းကို ကြည့်မြင်ရသည်မှာ စိတ်အေးချမ်းသာယာမိပါသည်။
ကျွန်တော်၏ မိုးရာသီသဘာဝရှုခင်း အလင်းပြန်ပုံများကို ဘယ်လိုသဘောရပါသလဲ၊ မိတ်ဆွေတို့ရေ။