အနိုင်နှင့် ဝက်သက်

Words
205
Reading
1 min
Listen
Play
1h

ဆရာသမားတဦးက သူရဲ့အိမ်မှာ ညအိပ်ဖို့ပြော၍
သွားအိပ်ရသည်။ ပထမညမှာ အိပ်ရာ အပြောင်းအလဲကြောင့်
အိပ်မရပေ။ ဟိုလိမ့်၊ ဒီလိမ့်၊ ဟိုတွေး ဒီတွေး
ဖြင့် မိုးလင်းခါနီးမှ တမှေးခန့် အိပ်မိသည်။ မနက်ကျ
လူက သိပ်ပြီး မလန်းဆန်ချင်ပေ။ ဆရာသမားက
ကြီးမှ ဝက်သက်ပေါက်သူဖြစ်သည်။ သူ ဝက်သက်ပေါက်တာက ထူးဆန်းပေသည်။ သူက အသက်
ခြောက်ဆယ့်ငါးကျော်ပေသည်။ သူ၏ နောက်ထပ်
ဝက်သက်က သူ့ထက် သုံးနှစ်ခန့်ငယ်မည်ထင်ပေသည်။

ဆရာသမားက တရားဘက်ကို လိုက်စားသူဖြစ်သည်။
ကိုယ်တွေက ထိုသို့ တရားသမားဖြစ်သောကြောင့်
ဆရာသမားကို ဘုန်းကြီးများဝတ်မလားဟု စဉ်းစား
မိသေးသည်။ သို့ပေသိ ဆရာသမား၏ အပြောများ
နှင့် လှုပ်ရှားမှုများက ဘုန်းကြီးမဝတ်နိုင်ပဲ ငါ့ဆရာ
နောက်ထပ်မိန်းမများ ယူမလားဟု စဉ်းစားမိသည်။
ကိုယ်တွေရဲ့ ဒုတိကအတွေးက မှန်ပေသည်။

ငါက မိန်းမယူတာ ထမင်းချက်ကျွေးမယ်သူ
မရှိလို့ ယူတာတဲ့။ အံ့ဩပါ့ ကမ္ဘောဇ ဆရာသမား
ပါလေ။ သူပြောတာလည်း ဟု‌တ်ပေသည်။
ဆရာသမားက အတော်ကို ဇီဇာကြောင်သူဟု
ပြောရပေမည်။ ဇီဇာကြောင်သည်က အမျိုးသမီး
များသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ ယခုတော့
ကိုယ့်ဆရာသမား ကိုယ်တိုင်ပင်ဖြစ်ပေသည်။
ဆရာသမားက ထမင်းဟင်းများကို အပြင်မှ
ဘယ်တော့မှ ဝယ်မစားပေ။ အိမ်မှာသာ စားသည်။
အပြင်ဆိုင်မှာ လက်ဘက်ရည်သာသောက်သည်။
တနေ့က ဆရာသမားနဲ့ လက်ဘက်ရည်သောက်ရာ
ရေနွေးကို ရေနွေးခွက်ဖြင့်မသောက်ပေ။ သူသောက်သော
လက်ဘက်ရည်ခွက်ဖြင့်သာ ရေနွေးသောက်
သည်။

ထိုသို့ ဇီဇာနိုင်ပါသော ဆရာသမားကို ယူသော
နောက်ထပ်အမျိုးသမီးသည် မည်သို့များ ဆက်လက်
စခန်းသွားမည် မသိပေ။ ထိုအမျိုးသမီးကို တရားစခန်းမှာ
တွေ့၍ လက်ထပ်ယူခဲ့သည်။ ဆရာသမား၏ ပထမ
ဇနီးကတော့ သူ၏ ဒဏ်ကို ခံနိုင်ရည်ရှိပြီး စောစီးစွာ
လူ့လောကကြီးမှ ထွက်ခွါသွားရှာသည်။ ယခု
ဆရာသမား၏ ဝက်သက်သည်က ဆရာသမားထက်
ပညာတက်ပြီး ငွေကြေးရှိသူလည်းဖြစ်၊ ငယ်သူလည်း
ဖြစ်ပေသည်။ သို့ပါသောကြောင့် ဆရာသမားသည် ပထမ ဇနီး
ကဲ့သို့ ယခုဇနီးကို ဩဇာ သက်ရောက်ရောက်နိုင်မည်
ဟု မထင်ပေ။ သို့ပေသိ ဒါတွေက ကိုယ့်အတွေး၊
ကိုယ့်အထင်ပင်။ သူရို့တွေ‌ ဘယ်သို့ ရှိပေမည်ကို
သူရို့သာ သိပေမည်။ ကိုယ်တွေက သူရို့အိမ်မှ
အိပ်ပြီး မနက် အိပ်ရာထမှာ ကောင်ကင်းမှ
မိုးရွာပြီးစ သက်တန့်ကြီးကို မြင်ရသည်။ မြင်ရသည့်
ခဏ ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်သည်။ သက်တန့်က
မနက်ခင်းပေမို့ ဖုန်းဖြင့် ဓာတ်ပုံရိုက်၍ အဆင်ပြေသည်။
တနေ့ညက ကြယ်နဲ့ လ နီးသည်ကိုမူ
ကိုယ်တွေဖုန်းက ကွာလတီမကောင်း၍ ဓာတ်ပုံရိုက်
ရာတွင်အဆင်မပြေပေ။

ဒီလိုပါပဲ လနဲ့ ကြယ်ရယ်၊ သက်တန့်ကြီးရယ်ကို
မြင်ပြီး အတွေးပွားမိတာ။ လူတွေလည်း
နိုင်လို့ရသူကို နိုင်ပြီး၊ နိုင်လို့ မရသူကိုတော့
အနိုင်မယူကြပေ။ နိုင်တိုင် အနိုင်ကျင့်တာလည်း
မကောင်းပေ။ လူကြီးမိဘများ ပြောသည်က
နိုင်တိုင်း အနိုင်ကျင့်ပါမူ၊ မနိုင် နိုင်သူပေါ်ပေါက်မည်တဲ့။
ကျုပ်တို့ နိုင်ငံကြီးမှာလည်း အနိုင်ကျင့်နေသူတွေကို
အမြန်ဆုံး နိုင် နိုင်သူတွေ ပေါ်ပေါက်ပါစေဟုသာ....။
htwegyi@htwegyi
September 16, 2026

အနိုင်နှင့် ဝက်သက် | Ecency