The Guy Who never Old

Words
204
Reading
1 min
6h
Listen to this post
~1 min

EFL Carabao Cup ပွဲကျန် ၁ ပွဲဖြစ်သည့် Everton vs New Castle ပွဲစဉ်မှာ Everton အသင်းက ၃-၁ ဆိုသည့် ရလဒ်နဲ့ ပြတ်သားစွာ အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းသွားခဲ့၏။ ကွာတားဖိုင်နယ်မှာ Fleetwood အသင်းနဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်းတွေထဲမှာ ထုံးစံအတိုင်း EPL က အများဆုံး ၆ သင်းနဲ့ ပါဝင်နေ၏။ ကျန် ၂ သင်းက League 1 က Bradford နဲ့ League 2 က Fleetwood တို့ ဖြစ်၏။ ကွာတားဖိုင်နယ် ပွဲစဉ်များကိုတော့ ဒီဇင်ဘာလထဲမှာ ယှဉ်ပြိုင် သွားမည် ဖြစ်၏။

Saudi Arabia Pro League ဘက် တချက် သွားကြည့်ရအောင်။ တခြား မဟုတ်ပါဘူး ဒီနေ့ မနက် ၁၂ နာရီခွဲမှာ ကစားသွားတဲ့ Saudi Pro League Round 12 မှာ Al Nassr က Al Kholood ကို ၅-၃ ဂိုး နဲ့ အနိုင်ရသွားလို့ပါ။ နိုင်တာ ထူးဆန်းလို့လား ဆိုတော့ Ronaldo ဂိုးသွင်းလို့ပါ။ အမယ်လေး Ronaldo ဂိုးသွင်းတာများပေါ့။ သွင်းတာမှ ၃ ဂိုး၊ Hat-trick သွင်းယူခဲ့တာပါ။ ဒါကြောင့် ဒီပွဲကို ပြောရခြင်းပါ။

နိုင်ငံအသင်းနဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ Ronaldo အနေနဲ့ Saudi မြေမှာ တဖန်ပြန်လည်လို့ ခြေစွမ်းပြနေပါတယ်။ ဂိုး ၁၀၀၀ ရည်မှန်းချက်ကြောင့် ဂိုးတွေ ပိုမို သွင်းဖို့ လိုအပ်နေပါတယ်။ ယခင်ထက်လည်း ဂိုးသွင်းဖို့ သူ ပိုပြီး အားသန်နေပါတယ်။ ဒီအချက်ကပဲ သူ့ကို တကိုယ်ကောင်းဆန်တယ်ဆိုပြီး ပြောစရာ ဖြစ်စေခဲ့တာပါ။ အင်းလေ အသက် ၄၁ အရွယ် ကစားသမား တယောက်အဖို့ ဂိုး ၁၀၀၀ ပြည့်ဖို့ လိုအပ်နေတဲ့ ဂိုးတွေကို ရတုန်း သွင်းထားနိုင်မှ ဖြစ်မည် မဟုတ်လား။

စံချိန်တွေကို ချိုးဖို့ မွေးဖွားလာသလားဟု ထင်မှတ်ရလောက်အောင် Ronaldo တယောက် စွမ်းဆောင်ပြနေ၏။ အသက်အရွယ်ကြောင့် ကစားသည့် ပုံစံ ပြောင်းလိုက်ပေမဲ့ Ronaldo ကတော့ Ronaldo ဖြစ်နေဆဲပင်။ လိုအပ်ရင် ဂိုးတွေသွင်းပြီး အနိုင်ရလဒ်တွေ ဖော်ဆောင်နေခဲ့၏။ ဒီအတိုင်းသာဆို Ronaldo ရည်မှန်းထားသည့် သွင်းဂိုး ၁၀၀၀ က ပြည့်သွားဖို့ ရှိနေ၏။ ပြည့်သည့်အပြင်ကို ကျော်လွန်သွားနိုင်လောက်သည်ဟုလည်း ယုံကြည်နေမိ၏။

မြက်ခင်းစိမ်းပေါ်မှာ Ronaldo & Messi တို့ကို မြင်တွေ့ရဖို့က အချိန်သိပ်မကျန်တော့ပေ။ Ronaldo & Messi တို့၏ ခေတ်အလွန်မှာ ဘယ်ကစားသမားတွေ ဆက်လက် ကြီးစိုးကြမလဲက စိတ်ဝင်စားဖို့ကောင်းနေ၏။ Ronaldo & Messi တို့လို အချိန်အကြာကြီး တောက်ပနိုင်ပါ့မလားကတော့ မပြောတတ်ပေ။

(photos from Carabao Cup & RSL pages)

The Guy Who never Old | Ecency