ဗိုက်နဲ့ ဆိုက်နဲ့ ဂိုက်နဲ့။

Words
119
Reading
1 min
Listen
Play
5h

"ညည်းနဲ့အေး ဗိုက်ကို ဓာတ်ပုံရိုက်ဖို့များ နှစ်သိန်း
ကြီးတောင်ပေးရမှာလား။ အဲ့ပေးမယ့်ပိုက်ဆံ ငါ့ပေးစမ်းပါအေ။
ငါရိုက်ပေးမယ်"

"ဟာ အမေကလည်း နှစ်သိန်းက ဓာတ်ပုံရိုက်ရုံတင်
မဟုတ်ဘူး မိတ်ကပ်ရော၊ အဝတ်အစားရောပါတယ်
လေ"

"အမလေးအေ မိတ်စကပ်များ ကိုယ့်အိမ်မှာရှိတာ
လူးလိုက်၊ ပြီးရင် ဗိုက်ပေါ်တဲ့ စွပ်ကျယ်အင်ကျီ
တစ်ထည်ဝတ်လိုက်ရင်ပြီးတာပဲ။ သွားဝတ်ချေ။
ဖုန်းနဲ့ ငါကိုယ်တိုင်ရိုက်ပေးမယ်။ ညည်းဖာသာ
တစ်တော့ပေါ်တင်တင်၊ ဖေ့စ်ဘွတ်ပေါ်တင်တင်
တင်ချင်ရာ တင်ပေါ့"

အမနဲ့ သူ့သမီး အချီအချပြောဆိုနေသည်ကို
ကျွန်တော်ကြားနေရသည်။ သားအမိနှစ်ဦး
ရေချိုးပြီးကြသည့်အခါ ဖုန်းဖြင့် ဗိုက်ကို
ဓာတ်ပုံရိုက်နေကြသည်။ သူ့ရို့သားအမိ
ဓာတ်ပုံရိုက်နေသည်ကို ကျွန်တော်ကြည့်နေမိသည်။
အမက ကျွန်တော့်ကို ခေါ်ကာ ဗိုက်ကို
ဓာတ်ပုံရိုက်စေသည်။ သူရို့သားအမိကိုကြည့်ပြီး
အတွေးပေါ်လာသည်။ ခုခေတ်က ဘာပွဲလုပ်လုပ်၊
ဘာဖြစ်ဖြစ် လူမှုကွန်ယက်ပေါ်တင်နေကြသည်။
သူရို့သားအမိကလည်း ခေတ်နှင့်အညီပြုလုပ်
ကြသည်ထင်ပါ့။

သမီးဖြစ်သူက ရေချိုးပြီးစ မျက်နှာပြောင်ဖြင့် မျက်မှန်ကြီး
တပ်ကာ သူမ၏ ဗိုက်ကို ဓာတ်ပုံအရိုက်ခံသည်။
အမေဖြစ်သူလည်း မြှောက်ပင့်ပြောသည်။ ဒါမှ
နက်ထရယ် သဘာဝဖြစ်တာတဲ့။ ဗိုက်နဲ့ ဆိုက်နဲ့
ဂိုက်နဲ့ဆိုသလိုပေါ့ ဟုတ်ဖူလား။ ကိုယ့်အိမ်မှာရှိတဲ့
အပင်တွေနဲ့ သဘာဝအတိုင်း သဘာဝဗိုက်ကို
ဓာတ်ပုံရိုက်တာ မိုက်နေရော။ အင်း သူရို့ဟာနဲ့
သူရို့တော့ အဟုတ်သား။ ထိုသားအမိကို ကြည့်ကာ
ကျွန်တော့်မှာ အတွေးများဖြစ်မိသည်။

မည်သို့ဖြစ်စေ သူရို့သားအမိကို ကြည့်ပြီး
ကိုယ်တွေက Hive မှာ ပိုစ်တင်ဖို့ရပေသည်။
ခေတ်ကာလကြီးက အပြောင်းအလဲများသလို။
အတွေးအခေါ် အယူအဆများကလည်း ပြောင်းလဲ
လာသည်။ ပြောင်းလဲလာမှုများက ကောင်းတာ
ရှိသလို၊ ဆိုးသည်များလည်း ရှိပေသည်။
အကောင်းအဆိုးကို ခွဲခြားနိုင်ဖို့ ဉာဏ်ပညာ
ရှိဖို့ကလိုပေသည်။ အသိဉာဏ်ပညာများကိုလည်း
အသစ်အဆန်း ရှာဖွေ တွေ့ရှိနိုင်ကြပါစေလေ။

htwegyi@htwegyi
September 12, 2026

ဗိုက်နဲ့ ဆိုက်နဲ့ ဂိုက်နဲ့။ | Ecency