No Words to Say

Words
208
Reading
1 min
5h
Listen to this post
~1 min

ကဲ ကောင်းကြသေးရဲ့လား။ အိမ်ကွင်းမှာ ၀-၃ တဲ့။ Bournemouth ကို ဂိုးပြတ် ရှုံးပစ်တာ။ ဘာမှကို ပြောချင်စိတ် မရှိတော့ပေ။ ဒီပွဲမှာ နည်းပြ Michael Carrick က အကွက်ဆန်း ထွင်တာလား ဘာလုပ်ချင်တာလဲတော့ မသိ။ အသင်းခေါင်းဆောင် Bruno Fernandes ကို အရံစာရင်းမှာသာ ထားခဲ့ပြီး လူစားဝင် ကစားသမား အဖြစ်တောင် အသုံး မပြုခဲ့ပေ။ ဘာကြောင့်လဲပေါ့။ Bruno မပါသည့် ပွဲမှ ဂိုးပြတ်နဲ့လည်း ရှုံးရသေးတယ် ဆိုတော့။

United နောက်တန်းက အမှားများလွန်းနေ၏။ ရှေ့တန်းက ဂိုးမသွင်းနိုင် ကွင်းလယ်က ပံ့ပိုးမှု မရှိနဲ့ ဒီကြားထဲ ဂိုးသမားကလည်း အတော်ဆိုးဆိုးနဲ့ရယ်။ မနေ့က လုံးဝကို ကစားကွက် မရှိ၊ ကစားပုံ မကောင်းခဲ့ပေ။ ဘာတွေ လုပ်လို့ လုပ်နေကြမှန်း မသိပေ။ မသိရင် နည်းပြကိုပဲ စိတ်ကောက်နေသလို ကစားနေကြ၏။ ပထမပိုင်း ၃၈ နှင့် ၄၃ မိနစ်တွေမှာတင် ၂ ဂိုး ပေးထားရပြီ။ ဒုတိယပိုင်း ၇၁ မိနစ်မှာ နောက်ထပ် နောက်တန်းနဲ့ ဂိုးသမား အမှားကနေ တတိယဂိုးကို ခွင့်ပြုပေးလိုက်ရ၏။

မနေ့က United ပွဲ အစော ရှိမှန်း သိ၏။ ည ၈ နာရီခွဲဆိုတော့ ကြည့်လို့ရ၏။ မီးလည်း လာ၏။ ထို့ကြောင့် Wifi ရ၏။ စိတ်ညစ်နေရမှာ စိုးလို့ မကြည့်ဘူးကွာဆိုပြီး နေ၏။ ပထမပိုင်း မကြည့်ဖြစ်။ ည ၉ နာရီခွဲခါနီးတော့ ပွဲ ရလဒ်အစား ပွဲကို ဝင်ကြည့်လိုက်၏။ ကိုယ်ကြည့်သည့် အချိန်က တတိယဂိုး ဝင်သွားတဲ့ အချိန် ဖြစ်နေခဲ့၏။ ကောင်းရော။ ချက်ချင်း ပြန် မထွက် ဖြစ်ဘဲ မိနစ် ၂၀ ထိုင်ကြည့်နေမိ၏။ ဘာတွေ လုပ်နေကြမှန်း မသိပေ။

ရုပ်သံကလည်း နည်းပြ Michael Carrick ကိုပဲ တောက်လျောက် ရိုက်ပြနေ၏။ Carrick မျက်နှာ မကောင်းပေ။ အိမ်း ထွက်တာ ဒါမှ မဟုတ် ထုတ်ပယ်ခံရတော့မယ် ထင်ပါရဲ့။ ဘုတ်အဖွဲ့က အဲ့အတိုင်းပဲ မလား။ ရလဒ်ဆိုးရင် နည်းပြ ပြောင်းတယ် ဒါပဲ။ ငကန်းသွားရင် ငစွေလာ ဆိုသလို နည်းပြတွေသာ ပြောင်းပြောင်းသွားတယ် အသင်းက ဒုံရင်းက ဒုံရင်းပဲ။ United က နည်းပြတွေရဲ့ အောင်မြေ မဟုတ်ဘဲ နည်းပြတွေရဲ့ သင်္ချိုင်း ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီ။

Michael Carrick အနေဖြင့် ဂန္တဝင် ကစားသမား အဖြစ်နဲ့သာ နေနေခဲ့သင့်၏။ မနှစ်က ယာယီ နည်းပြ ဖြစ်နေချိန်တုန်းက ဟုတ်သေး။ ခု အမြဲတမ်း နည်းပြ ခန့်လိုက်ခါမှ ဘာတွေ ဘယ်လို ဖြစ်ကုန်သည် မသိပေ။ အဓိကက ကစားသမား ဖြည့်တင်းမှု အပိုင်း ဖြစ်၏။ Carrick ကပဲ မတောင်းဆိုတာလား ဒါမှမဟုတ် တောင်းဆိုသားနဲ့ ဘုတ်အဖွဲ့က မဖြည့်စီးပေးတာလားပေါ့။ သေချာတာတော့ လက်ရှိ လူစာရင်းနဲ့ ဘာမှ လုပ်လို့ရမည် မဟုတ်ပေ။

(photos from EPL page)

No Words to Say | Ecency