Aston Villa take the Points

Words
247
Reading
2 min
6h
Listen to this post
~2 min

ထင်မှတ်ထားတဲ့အတိုင်း Aston Villa တို့ City ကို ၂-၁ နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ City ရဲ့ ရာနှုန်းပြည့် နိုင်ပွဲ စံချိန်ဟာလည်း ၇ ပွဲနဲ့တင် ရပ်တန့် သွားခဲ့ရပါပြီ။ ဒီရာသီ ပထမဆုံး ရှုံးပွဲကို City တို့ ကြုံတွေ့လိုက်ရပြီ ဖြစ်၏။ ရာသီအစမှာ ရလဒ်ပိုင်းတွေ ဆိုးရွားနေပေမဲ့ ခုနောက်ပိုင်း တဖြည်းဖြည်း form ပြန်မိလာသည့် Aston Villa အနေဖြင့် အိမ်ကွင်းမှာ City ကို အကောင်းဆုံး ဧည့်ခံ ကစား ပြသွားခဲ့လေ၏။

ဦးဆောင်ဂိုးကို ပွဲအစ ၆ မိနစ်မှာ Aston Villa က အရင်သွင်းယူခဲ့၏။ ဒုတိယပိုင်း ၅၂ မိနစ်မှာ City က ချေပဂိုး ပြန်လည်လို့ သွင်းယူ၏။ ၆၀ မိနစ်မှာ Aston Villa က ဦးဆောင်ဂိုး ထပ်သွင်း၏။ အဆိုပါ ဂိုးကိုတော့ City တို့ ချေပနိုင်ခြင်း မရှိဘဲ ၂-၁ နဲ့ အရှုံးပေးခဲ့ရလေတော့၏။ Aston Villa ၏ သွင်းဂိုး ၂ ဂိုးလုံးကို ဒီရာသီမှ ပြောင်းရွှေ့လာသည့် Nicolas Jackson က သွင်းယူ ပေးသွားခဲ့၏။ City ၏ သွင်းဂိုးကိုတော့ ထုံးစံအတိုင်း Haaland က သွင်းယူပေးခဲ့ခြင်း ဖြစ်၏။

Man City ရှုံးနိမ့်မှုကို အခွင့်အရေး ရယူနိုင်ခဲ့သူကတော့ Arsenal ဖြစ်၏။ အိမ်ကွင်းမှာ Everton ကို ၂-၀ နဲ့ အနိုင်ယူပြီး City နဲ့ အမှတ်တူ အနေအထားကို ရယူသွားခဲ့၏။ Arsenal ၏ သွင်းဂိုး ၂ ဂိုးလုံးကို ဗဟို ခံစစ်မှူး နှစ်ဦးက သွင်းယူပေးသွားတာကတော့ ထူးခြားချက် ဖြစ်နေ၏။ ပွဲစဉ် ၈ အပြီးမှာ City ၂၁ မှတ်၊ Arsenal ၂၁ မှတ် ဂိုးကွာခြားချက်အရ အဆင့် ၁ နှင့် ၂ နေရာမှာ အသီးသီး ရပ်တည်နေခဲ့၏။

Coventry vs Fulham ပွဲစဉ်မှာတော့ ဧည့်သည် Fulham က ၀-၁ နဲ့ အနိုင်ရသွားခဲ့၏။ ယခုပွဲစဉ်ရဲ့ ၁ လုံးထဲသော အနိုင်ဂိုးကို မိနစ် ၈၀ မှာ Bobb က သွင်းယူပေးသွားခဲ့ခြင်း ဖြစ်၏။ ယခု နိုင်ပွဲကြောင့် အမှတ်ပေး ဇယားမှာ နေရာ အပြောင်းအလဲ ဖြစ်သွားခဲ့၏။ ယခင်က Fulham က တန်းဆင်းဇုန်မှာ Coventry က တန်းဆင်းဇုန် အထက်မှာ၊ ခု Coventry က တန်းဆင်းဇုန်မှာ Fulham က တန်းဆင်းဇုန်နဲ့ လွတ်တဲ့နေရာမှာ ရပ်တည်နေ၏။

လန်ဒန် ဒါဘီ ဖြစ်သည့် Chelsea vs Tottenham ပွဲစဉ်မှာတော့ ဧည့်သည် Tottenham က ၀-၂ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမပိုင်းမှာ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်နေခဲ့ ပေမဲ့ ဒုတိယပိုင်း ၇၀ မိနစ် နောက်ပိုင်းမှာတော့ အလှည့်အပြောင်းတွေ အများကြီး ဖြစ်သွားခဲ့၏။ ၇၇ မိနစ်မှာ Tottenham တို့ ဦးဆောင်ဂိုး ရ၏။ ၈၀ မိနစ်မှာ Cole Palmer ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံရ၏။ ၈၇ မိနစ်မှာ Tottenham တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရရှိသွားခဲ့၏။ ယခု နိုင်ပွဲကြောင့် Tottenham တို့ အဆင့် ၁၂ နေရာမှာ ခဏတာ ရပ်တည်နေခဲ့၏။

(photos from EPL page)

Aston Villa take the Points | Ecency