PSG is PSG

Words
266
Reading
2 min
5h
Listen to this post
~2 min

ကြားရက်မှာ UCL ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြ၏။ ရှေ့တပတ်မှာ အခြေမလှခဲ့တဲ့ Italy အသင်းတွေ ဒီတပတ်မှာတော့ အခြေအနေ ပြန်ကောင်းကြမယ် ထင်ပါရဲ့။ လောလောဆယ် Italy အသင်း ၂ သင်းကတော့ ကိုယ်စီ နိုင်ပွဲတွေရထားကြပြီ ဖြစ်၏။ ကျန်အသင်းတွေကိုတော့ ဒီနေ့ ကြည့်ရပေလိမ့်မည်။ Roma က အိမ်ကွင်းမှာ Slovan Bratislava ကို ၄-၀ ဂိုးပြတ် အနိုင်ရရှိသွားခဲ့၏။ Napoli ကတော့ Bodo/Glimt ကို ၄-၃ ဆိုသည့် ကျဉ်းမြောင်းသည့် ရလဒ်နဲ့ အနိုင်ရသွားခဲ့၏။ ဘယ်လို နိုင်နိုင် နိုင်ဖို့ပဲ မလား။

၃ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲလုံးနိုင်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေတာက လက်ရှိ ချန်ပီယံ PSG ဖြစ်၏။ Barcelona ကို အိမ်ကွင်းမှာ ၄-၂ ဆိုသည့် ရလဒ်နဲ့ အနိုင်ယူကာ အမှတ်ပေးဇယား အဆင့် ၁ နေရာကို ရယူထား၏။ PSG လိုပဲ ၃ ပွဲကစားပြီး ၃ ပွဲလုံး အနိုင်ရထားသည့်အသင်းက Liverpool ဖြစ်၏။ ဒီတပတ်မှာ Villarreal ကို ၄-၃ ဆိုသည့် ရလဒ်နဲ့ အနိုင်ယူကာ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေ၏။ ဒီနေ့မှာ ကျန်အသင်း ပွဲစဉ်တွေ ကစားကြဦးမှာ ဆိုတော့ ဇယားထိပ်ပိုင်း အပြောင်းအလဲ ရှိလေဦးမလားက စောင့်ကြည့်ရပေလိမ့်မည်။

ယခင် တပတ်က PSG ကို ရှုံးနိမ့်ခဲ့သည့် Man City ကတော့ ယခု တပတ်မှာ AEK Athens ကို ၅-၁ နဲ့ ဂိုးပြတ် အနိုင်ရယူသွားခဲ့၏။ City ကစားသမား Phil Foden က ၃ ဂိုး သွင်းယူပေးသွားခဲ့၏။ ယခင် တပတ်မှာ United ကို အနိုင်ယူခဲ့သည့် Atletico Madrid အနေဖြင့် ယခု တပတ်အဝေးကွင်းမှာ VfB Stuttgart ကို ၁-၁ သရေကျသွားခဲ့၏။ ဒုတိယပိုင်း ၆၄ မိနစ်မှာ Atletico Madrid ကစားသမား တဦး တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရ၏။ ထို့ကြောင့်လည်း အဝေးကွင်းမှာ အနိုင် ၃ မှတ်အစား သရေ ၁ မှတ်ကိုသာ ရယူသွားနိုင်ခဲ့ခြင်း ဖြစ်မည်။

ဒီနေ့ မြန်မာ စံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်မှာတော့ Como vs Man United တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ ပွဲချိန်ကတော့ အစော ဖြစ်၏။ ကြည့်ရင် ကောင်းမလားပေါ့။ ဒါပေမဲ့ စိတ်ဒုက္ခ ခံရမှာကိုလည်း မလိုလားပေ။ သရေပွဲတွေ များနေပြီမို့ ဒီပွဲတော့ နိုင်မလားပေါ့။ သို့ပေမဲ့ ထင်သလောက် မလွယ်ပေ။ Fabregas ၏ Como အသင်းကို လျော့တွက်ထားလို့ မရပေ။ နှစ် အနည်းငယ်အတွင်း Serie B ကနေ A သို့ တက်လှမ်းလာခဲ့ပြီး ခုဆို UCL ပွဲစဉ်ကြီးမှာပါ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထား၏။

Como နဲ့ United က ၁ ပွဲနိုင် ၁ ပွဲရှုံး၊ ၃ မှတ်စီ အမှတ်တူနေ၏။ Como အိမ်ကွင်းမို့ United အဖို့ သိပ် လွယ်ကူဖို့ မရှိနိုင်ပေ။ Serie A မှာ ၇ ပွဲ ကစားပြီးချိန် ၄ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ရလဒ် ထွက်ပေါ်ထား၏။ United ကတော့ ၇ ပွဲ ပြီးချိန်မှာ ၁ ပွဲနိုင် ၄ ပွဲသရေ ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ထားခဲ့၏။ သရေ ရလဒ်ပဲ ထွက်ပေါ်မလား ဒါမှမဟုတ် အရှုံးအနိုင် အဖြေပေါ်မလားကတော့ ဒီနေ့မှာ သိရပေတော့မည်။

(photos from UEFA page)

PSG is PSG | Ecency