Match Week 8

Words
245
Reading
2 min
7h
Listen to this post
~2 min

EPL Round 8 ကတော့ ဒီတပတ်မှာ ပြန်လည်လို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ စနေနေ့၏ အစောဆုံးပွဲစဉ်ဟု ဆိုရမယ့် Ipswich vs Nottm Forest ပွဲစဉ်မှာတော့ တဖက် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ပြီး ၁ မှတ်စီ ခွဲဝေ ယူသွားကြ၏။ ပထမပိုင်းမှာ ကတည်းက သွင်းဂိုးတွေ ကိုယ်စီ သွင်းယူ သွားကြပြီး ဒုတိယပိုင်းမှာတော့ သွင်းဂိုးတွေ သွင်းယူနိုင်ခြင်း မရှိကြပေ။

ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာတော့ ခြေစွမ်းအပြင် ရလဒ်ပိုင်းမှာပါ အပေါင်း လက္ခဏာတွေ ပြန်လည် ဖော်ဆောင်လာနေပြီ ဖြစ်သည့် Aston နဲ့ ရှုံးပွဲ မရှိ သရေပွဲ မရှိ ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားသည့် Man City တို့ တွေ့ကြမည် ဖြစ်၏။ Aston Villa အနေဖြင့် City ကို ရပ်တန့်နိုင်မလား စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပေလိမ့်မည်။ ချန်ပီယံလောင်းနှင့် ချန်ပီယံတွေကို ဒုက္ခ ပေးတဲ့ နေရာမှာ နာမည်ကြီးတဲ့ Aston Villa အနေဖြင့် အိမ်ကွင်းမှာ City ကို အခက်တွေ့အောင် လုပ်နိုင်မလားက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ည ၈ နာရီခွဲမှာတော့ Arsenal vs Everton, Coventry vs Fulham တို့ ကစားသွားဖို့ ရှိနေပါတယ်။ Arsenal အနေဖြင့် ကစားပုံ မာကျော ကျစ်လစ်တဲ့ Everton ကို ဘယ်လို ရင်ဆိုင် ယှဉ်ပြိုင်သွားမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ City သာ ခြေချော်ခဲ့ရင် အမှတ်ကွာဟချက် လျော့ချနိုင်မယ့် အခွင့်အရေး ရှိနေတာမို့ ယခု ပွဲစဉ်ကို Arsenal တို့ အာရုံစိုက် အလေးထား လာနိုင်ပါတယ်။ ဒီရာသီ Everton ရဲ့ သရေပွဲ ၄ ပွဲထဲမှာ အဝေးကွင်း ပွဲစဉ် ၃ ပွဲက သရေပွဲတွေ ဖြစ်နေပါတယ်။ ဆိုတော့ကာ Everton အနေနဲ့ Arsenal ထံကနေ အမှတ်ခွဲဝေ ယူသွားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Coventry vs Fulham ပွဲစဉ်ကတော့ အဆင့် ၁၈ နဲ့ ၁၉ နှစ်သင်း ထိပ်တိုက်ဆုံတဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ပြောရရင် အမှတ်လိုနေတဲ့ ၂ သင်းပေါ့။ တန်းဆင်းဇုန်ထဲကနေ စောစိးစွာ ရုန်းထွက်ထားနိုင်ဖို့ လိုပါတယ်။ ပွဲစဉ်တွေ အများကြီး ကျန်နေတုန်း အချိန်ရှိတိုင်း ရသင့် ရနိုင်တဲ့ အမှတ်တွေ အကုန်ယူထားနိုင်မှသာ EPL မှာ တင်ကျန် နိုင်မှာပါ။ မနှစ်က Wolves ဆို ရာသီ စကတည်းက တန်းဆင်းဇုန်ထဲကနေ မထွက်နိုင်ခဲ့ပါဘူး။

ည ၁၁ နာရီမှာတော့ စနေနေ့ရဲ့ အကောင်းဆုံး ပွဲစဉ်လို့ ပြောနိုင်တဲ့ Chelsea vs Tottenham တို့ရဲ့ ပွဲစဉ် ကစားသွားဖို့ ရှိနေပါတယ်။ တသင်းက ၁၃ မှတ်နဲ့ အဆင့် ၄၊ တသင်းက ၆ မှတ်နဲ့ အဆင့် ၁၇ ကွာဟချက် များပေမဲ့ လန်ဒန်ဒါဘီ ဖြစ်နေလို့ အကြိတ်အနယ် ရှိမှာပါ။ Chelsea ထက် စာရင် Arsenal နဲ့ ဆုံတဲ့ Tottenham က ပိုပြီး ရေကုန်ရေခမ်း ကစားလေ့ ရှိပါတယ်။ Chelsea ကပဲ အိမ်ကွင်းမှာ Tottenham ကို အနိုင်ယူသွားမလား၊ ဒါမှမဟုတ် Tottenham က Chelsea ထံကနေ အမှတ်ခွဲဝေယူသွားမလားကတော့ စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။

(photos from EPL page)

Match Week 8 | Ecency