ယနေ့ တနင်္ဂနွေနေ့ဖြစ်သည်။ တူမ ဖြစ်သူက
သူ့ကျောင်းပိတ်ရက်မှာ ကျောင်းမှ ကျောင်းသား
စာအုပ်များကို စစ်ဆေးရန်အတွက် အိမ်သို့
ယူလာသည်။ ထိုစာအုပ်၊ စာရွက်များက
ငါးတန်းကျောင်းသား/သူများ၏ သင်ခန်းစာ
များဖြစ်သည်။
ယခုခေတ်ကလေးများက ကိုယ်တွေခေတ်နှင့်
အတော်ကို ကွာဝေးသည်။ နည်းပညာခေတ်ကြီး
မှာ ကောင်းတာရှိသလို မကောင်းသည်လည်း
ရှိပေသည်။ မည်သို့ဆိုစေ ကလေးများကို
လမ်းပြပြုစုမှု ကောင်းမွန်ပါက ထူးချွန်သည့်
ကလေးငယ်များ များစွာပေါ်ပေါက်လာပေမည်။
ကလေးများက အဖြူထည်များဖြစ်သည်။
ဖြူစင်သည်။ အတုမြင် အတတ်လွယ်သည်။
ကောင်းမွန်သောနည်းပညာ၊ ပညာသင်ယူမှု
စနစ်ကောင်းများဖြင့် သင်ကြားမှုခံယူရပါက
အနာဂတ်မှာ ထူးချွန်ထက်မြတ်လာမည့်သူများ
ဖြစ်သည်။
တူမ၏ ငါးတန်းကျောင်းသားလေးများ၏
အဖြေလွှာများကို ပုံတွင်ကြည့်ကြပါကုန်။
ခေသူလေးများ မဟုတ်ကြပါလေ။
မေးထားသည်က
ကြုံတွေ့ရသည့် အခက်အခဲများနှင့် ထိုအခက်
အခဲများကို ကျော်လွှားကာ အောင်မြင်လာသူ
များအကြောင်းကို စာပေဗဟုသုတနှင့်
လူကြီးမိဘများထံမှ ကြားသိရသူများ
အကြောင်းရေးသာပါ။
ဖြေရသည်မှာ လေးယောက်အုပ်စု တစု
ဖွဲ့၍ ဖြေရသည်။ ဖြေကြားထားသည်များက
ကိုယ်တွေခေတ်မှာဆို အဝေးကြီးပင်။
ယခုခေတ် အင်တာနက်ခေတ်၊ ဂလိုဘယ်
ခေတ်ကြီး၏ ကောင်းမှုက တွေ့မြင်ကြရသည့်
အတိုင်ပါပင်။
@htwegyi
10-7-2022