Chinese Flute Sounds Before Sleep and My Rising Star Music Lesson

Words
474
Reading
3 min
Listen
Play
5h

I love listening to the sound of the Chinese flute in Chinese dramas. Every night before I go to sleep, I play this sound and let it fill my room. The soft, airy tone feels like wind moving through bamboo. It calms my mind after a long day.

ကျွန်မဟာ တရုတ်ဒရာမာတွေထဲက ပုလွေသံကို အရမ်းနှစ်သက်ပါတယ်။ ညတိုင်း အိပ်ယာမဝင်ခင် ဒီအသံကို ဖွင့်ပြီး အခန်းထဲမှာ ဖြည်းညင်းစွာ ထားလေ့ရှိပါတယ်။ ပုလွေသံရဲ့ ပေါ့ပေါ့ပါးပါး လေထဲကို ပျံ့နှံ့သွားသလို ခံစားရတဲ့ အသံကို ကြားရတဲ့အခါ တစ်နေ့တာပင်ပန်းနေတဲ့ စိတ်ကို သက်သာစေပါတယ်။

Whenever I hear this sound, I imagine an old garden with tall bamboo trees. I picture a quiet river flowing slowly beside a small wooden house. In my mind, the music carries me far away from my busy life. It feels like walking into a peaceful dream even before I close my eyes.

ဒီအသံကို ကြားတိုင်း ကျွန်မရဲ့ စိတ်ကူးထဲမှာ ဝါးပင်တွေများနေတဲ့ ဥယျာဉ်ကြီးတစ်ခုကို မြင်ယောင်မိပါတယ်။ သစ်သားအိမ်ငယ်ကလေးနားမှာ ချောမွေ့စွာစီးနေတဲ့ ချောင်းငယ်တစ်ခုကိုလည်း ခံစားရပါတယ်။ တေးသွားက ကျွန်မကို အလုပ်များတဲ့ဘဝကနေ ဝေးဝေးကို ခေါ်သွားသလိုပါပဲ။ မျက်လုံးမမှိတ်မီကတည်းက ငြိမ်းချမ်းတဲ့အိပ်မက်ထဲကို ဝင်သွားသလိုပါ။

I do not know all the names of the songs or the instruments used, but I do not need to know every detail to enjoy them. The feeling is enough for me. Some nights the tune is slow and soft. Other nights it feels a little sad, but still beautiful.

သီချင်းနာမည်တွေ၊ တီးလုံးအတွက်သုံးတဲ့ တူရိယာအမည်တွေ အားလုံးကို ကျွန်မ သိစရာမလိုပါဘူး။ ခံစားချက်တစ်ခုတည်းနဲ့ပဲ ကျွန်မအတွက် လုံလောက်ပါတယ်။ တစ်ချို့ညတွေမှာ တေးသွားက ဖြည်းညင်းပြီး ပျော့ပျောင်းပါတယ်။ တစ်ချို့ညတွေမှာတော့ နည်းနည်းဝမ်းနည်းပေမယ့် လှပနေတုန်းပါပဲ။

Before I sleep, I usually turn off the lights and let only this music play in the dark. I close my eyes and breathe slowly. My thoughts become quiet, and my body relaxes. This small habit has become an important part of my night routine.

အိပ်ယာမဝင်ခင် ကျွန်မ မီးတွေပိတ်ပြီး ဒီတေးသွားတစ်ခုတည်းကိုပဲ မှောင်နေတဲ့ အခန်းထဲမှာ ဖွင့်ထားလေ့ရှိပါတယ်။ မျက်လုံးမှိတ်ပြီး ဖြည်းညင်းစွာ အသက်ရှူပါတယ်။ စိတ်ထဲက အာရုံတွေ တိတ်ဆိတ်သွားပြီး ခန္ဓာကိုယ်ကလည်း အနားယူသွားပါတယ်။ ဒီသေးငယ်တဲ့အလေ့အထလေးက ကျွန်မရဲ့ ညနေခင်း ပုံမှန်လုပ်ရိုးလုပ်စဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

Music has always been a quiet friend to me. It does not ask anything from me. It simply stays beside me and helps me feel less alone at night. I think this is why I keep coming back to the same sound again and again.

တေးဂီတဟာ ကျွန်မအတွက် တိတ်ဆိတ်တဲ့သူငယ်ချင်းတစ်ယောက်လိုပါပဲ။ ဘာမှမတောင်းဆိုပါဘူး။ ရှိနေရုံနဲ့ပဲ ညတွေမှာ ကျွန်မကို တစ်ယောက်တည်းမဟုတ်ဘူးလို့ ခံစားစေပါတယ်။ ဒါကြောင့်ပဲ ဒီအသံတစ်ခုတည်းကိုပဲ ကျွန်မ အကြိမ်ကြိမ် ပြန်နားဆင်နေမိတာလို့ ထင်ပါတယ်။

Because I love music so much, I also enjoy spending time with music in another way, through the Rising Star game. In Rising Star, there is a feature called the Music Lesson, and I try to complete it every day. Taking the Music Lesson helps my character grow skill points, and it feels like a small daily ritual, similar to my night routine with the flute music. Even though the game and the real flute sound are very different things, both give me a peaceful and happy feeling connected to music.

ကျွန်မဟာ တေးဂီတကို အရမ်းနှစ်သက်တဲ့အတွက် Rising Star ဂိမ်းထဲမှာလည်း တေးဂီတနဲ့ပတ်သက်တဲ့ အချိန်တွေကို ဖြတ်သန်းနေပါတယ်။ Rising Star မှာ Music Lesson ဆိုတဲ့ features တစ်ခုရှိပြီး ကျွန်မ နေ့တိုင်းလုပ်ဆောင်ဖို့ ကြိုးစားပါတယ်။ Music Lesson ကို လုပ်ဆောင်တာဟာ ကျွန်မရဲ့ character ရဲ့ skill point တွေကို ကြီးထွားစေပြီး ညတိုင်း ပုလွေသံနားထောင်တဲ့ အလေ့အထလိုပဲ နေ့စဉ် သေးငယ်တဲ့ ဓလေ့တစ်ခုလိုပါပဲ ခံစားရပါတယ်။ ဂိမ်းနဲ့ တကယ့်ပုလွေသံဟာ လုံးဝကွဲပြားပေမယ့် နှစ်ခုစလုံးက တေးဂီတနဲ့ ချိတ်ဆက်ထားတဲ့ ငြိမ်းချမ်းပြီး ပျော်ရွှင်တဲ့ ခံစားချက်ကို ကျွန်မကို ပေးပါတယ်။

Chinese Flute Sounds Before Sleep and My Rising Star Music Lesson | Ecency