"တီချယ် တီချယ်"
အိမ်ရှေ့မှ ကလေးတဦး၏အော်သံကြောင့် ခြံတံခါး
ဖွင့်ကြည့်သည်။ တူမ၏ တပည့်လေးတဦးက
ကြွတ်ကြွတ်အိတ်ကြီးတလုံးကို မလာပြီး ပေးသည်။
"ဟဲ့ ဘာတွေတုန်း"
"သိဘူး တီချယ် အမေက ပေးခိုင်းလို့"
ပြောပြောဆိုဆို ကလေးငယ်က အိတ်ကို တီချယ်ထံ
သို့ပေးလေးသည်။
"ဟမလေး လေးလိုက်တာအေ၊ ဘာတွေများတုန်း"
တူမက ပြောပြောဆိုဆို အိတ်ကို ဖွင့်ကြည့်သည့်အခါ
မှာတော့ ကန်စွန်ဥများကိုတွေ့ရသည်။ ကန်စွန်ဥများက
နည်းနည်းနောနော မဟုတ်ပေ။ ကျန်ကျောင်းအိတ်
တဝက်ကျော်ခန့်ဖြစ်သည်။
"များလိုက်တာအေ ဒီလောက်အများကြီး နင်သယ်
လာနိုင်တယ်ပေါ့"
လေးတန်းကျောင်းသား သူ့တပည့်ကို တူမက
ပြောသည်။
"ဒီလောက်အများကြီး ငါဘယ်လိုလုပ် ကုန်မှာလဲ၊
နင်တို့အိမ်ရော ကျန်သေးလား"
"ဟာ တီချယ်ကလည်း အိမ်မှာလည်း အများကြီး
ရှိသေးတယ်။ သားတို့ ခြံကြီးတခုက ရလာတာ"
"အော် အေးအေး ဟုတ်ပါပြီ၊ မေမေကို ကျေးဇူးတင်ပါတယ်လို့
ပြောလိုက်အုံး"
"ဟုတ်ကဲ့ တီချယ်"
တပည့်ဖြစ်သူ ထွက်သွားသည်နှင့် တူမက အဆိုပါ
ကန်စွန်ဥအိတ်ကြီးကို ချရင်း သူမ၏ အမေကို
ပြောပါလေသည်။
"အမေရေ ကန်စွန်ဥတွေ ဘာလုပ်ရမလဲ"
"ပြုတ်စားရင်လည်း ကုန်မှာ မဟုတ်ဘူး"
"နေပါအုံးအေ ငါ တစ်တော့မှာ ရှာကြည့်ပါအုံမယ်။
ဒီမှာတွေ့ပြီး ကန်စွန်ဥ ဆနွင်းမကင်းလုပ်စားရမယ်။
အုန်းနို့၊ ထောပတ်၊ ဂျုံမှုန့်၊ သကြားနဲ့ ဘိန်းစေ့တွေ
ထည့်ရမှာ"
မုန့်လုပ်စရာ လင်ဗန်လည်ဝယ်ရမှာ ဟုပြောကြပြီး
သားအမိနှစ်ဦး အိုးဝေဖြင့်ထွက်သွားကြသည်။
သူမတို့ ပြန်လာကြသောအခါ အထုပ်အပိုးများ
ဆွဲပြီးပြန်လာကြသည်။ ရောက်ပြီး မကြာမှီ
သားအမိနှစ်ဦး ကန်စွန်ဥဆနွင်းမကင်းကို စတင်
ပြုလုပ်ကြပါလေသည်။ ကန်စွန်ဥ အစိမ်းကို
အခွံနွာပြီး အတုံးလေးများပြုလုပ်၍ ပေါင်အိုးမှာ
ပေါင်းရန်ပြင်သည်။ ပေါင်းအိုးဖြင့် ပေါင်းဖို့
မီးခလုပ်နှိပ်သည့်အခါ ပေါင်းအိုးမီးက မီးမလင်းသဖြင့်
ဒယ်နီဖြင့် ကန်စွန်ဥများကို ပြုတ်လိုက်ရလေသည်။
ပြုတ်ပြီးသော ကန်စွန်ဥများကို ကြေရန် ဇွန်ကြီးဖြင့်
ဖိပြီးမွှေကာချေပေးလိုက်သည်။ ထိုနောက်
ဂျုံမှုန့်၊ အုန်းနို့၊ ရေနှင့် သကြားများထည့်ပြီး
ရောသမပြီး ပျစ်ပျစ်လေးရအောင်မွှေသည်။
ထိုမွှေပြီးပျစ်ပျစ်အနှစ်များကို မုန့်ဖုတ်သော
ဗန်အောင်ခြေမှာ ထောပတ်နှင့် ဆီကို ခံပြီးထည့်သည်။
မျက်နှာပြင်ကို ညီအောင်ညှိ၍ ထောပတ်နှင့် ဆီကို အပေါ်မှ နောင်တခါထပ်ထည့်ပေးရသည်။
အားလုံးပြီးသည့်အခါ မီးသွေးမီးဖိုပေါ်သို့တင်ကာ
အထပ်မီး အောက်မီးနှင့် မုန့်ကိုဖုတ်ပါသည်။
မုန့်က မကျက်မှီကပင် ထောပတ်နံ့ကမွှေးနေပေသည်။
အပေါ်မီးကို ကောင်းအောင် ယပ်ခတ်ပေးနေရင်း
အမကပြောသည်။
"တီချယ်ရေ ကန်စွန်ဥကတော့ အလကားရတာပေါ့၊
ဒါပေသိ သူနဲ့တွဲဖက်ဟာတွေဝယ်လိုက်ရတာ
အတော်ထိသဟေ့၊ ခုလည်း မီးကပူ၊ လက်ကညောင်
လောက်အောင်း တယ်လည်း ကောင်းလှတဲ့ ကန်စွန်ဟု
ဆနွင်းမကင်းကြီးပါနော်"
သားအမိနှစ်ဦး၏ ရီမော ပြောဆိုသံကို ကြားရသော
ကျွန်တော်လည်း ပြုံးမိပါ လေတော့သည်။
@htwegyi
September 8, 2026