Arsenal Eliminated

Words
194
Reading
1 min
6h
Listen to this post
~1 min

ကြားရက်တွေမှာ EFL Carabao Cup ပြိုင်ပွဲ Round 4 ပွဲစဉ်တွေ ကစား၏။ United ကတော့ Round 3 မှာ ကတည်းက ထွက်သွားခဲ့ပြီ။ Brighton အသင်းကို ၂-၃ နဲ့ ရှုံးသွားခဲ့ခြင်း ဖြစ်၏။ ရနိုင်လောက်တဲ့ ဖလားလေးပါ မရနိုင်တော့ပေ။ ရနိုင်လောက်တဲ့လို့သာ ပြောနေရတာပါ ရဖို့ကလည်း မသေချာပါဘူး။ ကွာတားတို့ ဆီမီးတို့ ရောက်မှ ပြုတ်ရင် ပို ရင်နာနေရမှာထက် ခုလို စောစောစီးစီး ပြုတ်သွားတော့လည်း နားအေးတာပေါ့။

Round 4 ပွဲစဉ်တွေထဲက ၂ ပွဲ ဒီနေ့ မနက် အစောမှာ ကစားခဲ့၏။ ကျန်ပွဲစဉ်တွေကတော့ နက်ဖြန် မနက်မှာ ကစားမည် ဖြစ်၏။ ယခင်က EFL Carabao Cup ကို သိပ်ပြီး အလေးထားမှု မရှိကြပေမဲ့ နောက်ပိုင်း နှစ်တွေမှာ အသင်းကြီးတွေက အစ အာရုံစိုက်လာကြ၏။ ပြိုင်ဆိုင်မှုတွေလည်း ပိုမို၍ ပြင်းထန်လာကြ၏။ အသင်းကြီးတွေက အာရုံစိုက်လာသဖြင့် အသင်းငယ်တွေကလည်း ယခင်ထက် ပိုမို၍ အားထုတ်ကြရ၏။ ဒါမှ သူတို့လည်း ပိုမြင့်တဲ့ အနေအထားတရပ်ကို ရောက်နိုင်မယ် မလား။

ကစားပြီးသွားတဲ့ Round 4 ပွဲစဉ် ၂ ပွဲမှာ League 1 က ၂ သင်း ဖြစ်သည့် Bradford vs Peterborough ပွဲစဉ်မှာ Bradford က ၂-၀ နဲ့ အနိုင်ရသွားခဲ့လေ၏။ နောက်တပွဲကတော့ ထူးခြား၏။ League 2 က Fleetwood နဲ့ EPL ချန်ပီယံ Arsenal တို့၏ ပွဲစဉ် ဖြစ်၏။ သာမန် ပွဲချိန် ပြည့်သည်အထိ တဖက်ကို ၁ ဂိုးစီ သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူကြရ၏။ ဦးဆောင်ဂိုးကို Fleetwood က ၂၁ မိနစ်မှာ အရင်သွင်း၏။ မိနစ် ၅၀ မှာ Arsenal က ချေပဂိုး သွင်း၏။ ပင်နယ်တီ အဆုံးအဖြတ်မှာ Fleetwood က ၅-၃ နဲ့ အနိုင်ရသွားခဲ့လေ၏။ Arsenal တို့ Man United လမ်းစဉ် လိုက်သွားခဲ့လေတော့၏။

နက်ဖြန် ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားဖွယ် ပွဲစဉ်တွေ ပါဝင်နေ၏။ Man United ကို ဖြုတ်ချထားသည့် Brighton က Man City နဲ့ တွေ့ဆုံနေခဲ့၏။ နက်ဖြန် ပွဲစဉ်တွေက EPL အသင်းချင်း တွေ့သည့် ပွဲစဉ်တွေချည်း ဖြစ်၏။ Liverpool vs Chelsea ပွဲစဉ်ကတော့ Round 4 ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲစဉ် ဖြစ်ပေလိမ့်မည်။ နောက်ထပ် အသင်းကြီး တသင်းကတော့ သေချာပေါက် ထွက်ခွာရပေတော့မည်။

(photos from Carabao Cup page)

Arsenal Eliminated | Ecency