EPL Match Week 4

Words
252
Reading
2 min
Listen
Play
25d

စနေနေ့ ဆိုတော့ EPL ပွဲစဉ်တွေ ပြန်လည်လို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ဒီနေ့မှာ ပွဲစဉ် ၆ ပွဲ ကစားသွားမည် ဖြစ်၏။ Chelsea vs Hull City တို့ ရဲ့ ပွဲစဉ်ကတော့ စိတ်ဝင်စားဖို့ ကောင်းနေ၏။ ၂ သင်းလုံး ကြားရက်မှာ EFL Carabao Cup ပွဲစဉ် ကစားထားခဲ့ကြ၏။ Chelsea က Leeds ကို ၆-၃ ဖြင့် အနိုင်ရပြီး Hull City က Sunderland ကို ၁-၀ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်၏။

EPL မှာတော့ Hull City က Chelsea ၏ အထက် အဆင့် ၃ နေရာမှာ ရပ်တည်နေ၏။ ၃ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲ သရေ ရမှတ် ၇ မှတ် ရရှိထား၏။ ပေးဂိုး မရှိသေးသည့် အသင်းလည်း ဖြစ်၏။ တန်းတက် အသင်းတွေ အနေဖြင့် ရာသီတိုင်း တသင်းမဟုတ် တသင်း ခြေစွာလေ့ ရှိတာက သဘာဝ ဖြစ်၏။ Hull City အနေဖြင့် အစပိုင်းမို့လား ဒါမှမဟုတ် ရာသီကုန်ထိ ယခုလို Tempo ကို ထိန်းထားနိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။

Chelsea က ၃ ပွဲ ကစားပြီး ၂ ပွဲနိုင် ၁ ပွဲ ရှုံး ရလဒ် ထွက်ပေါ်ထားခဲ့၏။ ရမှတ် ၆ မှတ်ဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့၏။ ပြီးခဲ့သော တပတ်မှာ Arsenal ကို အဝေးကွင်းမှာ ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ရသည့် Chelsea အနေဖြင့် ယခု တပတ်မှာ အမှတ် ပြန်လည် ရယူနိုင်ဖို့တော့ လိုမည် ဖြစ်၏။ အိမ်ကွင်းလည်း ဖြစ်နေတာမို့ အနိုင် ၃ မှတ် သူတို့ အရယူပေလိမ့်မည်။ Hull City အနေဖြင့် မှတ်ကျောက် တင်ခံရမယ့် ပွဲ ဖြစ်၏။ United ကို ၂-၀ ဖြင့် နိုင်ခဲ့တာ ငါတို့က ပိုကောင်းလို့ ဆိုတာ သက်သာ ပြဖို့ Chelsea ကို သူတို့ တုန့်ပြန် ကစားပြ နိုင်ဖို့ လိုမည် ဖြစ်၏။

Liverpool ကတော့ Fulham ကို အိမ်ကွင်းမှာ လက်ခံ ကစားရမည် ဖြစ်၏။ တမှတ်မှ မရသေးသည့် Fulham အနေဖြင့် အမှတ် ထပ်ဆုံးရှုံးဖို့ များနေခဲ့၏။ Liverpool အနေဖြင့် သရေ ၂ ပွဲ ကျထားတော့ ဇယားထိပ်က အသင်းတွေနဲ့ အမှတ် ကွာဟချက် ကျဉ်းမြောင်းအောင် ယခု ပွဲစဉ်ကို အနိုင်ကစားဖို့ လိုမည် ဖြစ်၏။ တမှတ်သာ ရသေးသည့် Tottenham အနေဖြင့် အိမ်ကွင်းမှာ Everton ကို လက်ခံ ကစားရမည် ဖြစ်၏။ ကစားပုံ ကောင်းသည့် Everton ဆီကနေ Tottenham တို့ အမှတ် ပြန်လည်ရယူနိုင်မလားကတော့ ‌စိတ်ဝင်စားဖို့ ကောင်းနေ၏။

တသင်းလုံး နီးပါး ရောင်းထုတ်ထားသည့် Aston Villa အနေဖြင့် ဒီတပတ် အိမ်ကွင်းမှာ Nottm Forest နဲ့ ကစားရမည် ဖြစ်၏။ ၃ ပွဲကစားပြီး ၁ မှတ်သာ ရထားသေးသည့် Aston Villa အဖို့ ယခု ပွဲစဉ်မှာ အမှတ် ရယူနိုင်ဖို့ လိုမည် ဖြစ်၏။ စနေနေ့ EPL ပွဲစဉ်များက ကြည့်ကောင်းနေမှာ အသေအချာပင်။

(photos from EPL page)