ဟိုနှစ်သင်္ကြန် ဒီနှစ်သင်္ကြန်

Words
96
Reading
1 min
Listen
Play
4y

img_0.7621092795142147.jpg

သင်္ကြန်
သင်္ကြန် တဲ့လား ‌ခြောက်သွေ့တိတ်ဆိတ်
ငြိမ်သက် လိုက်ပါဘိ။
ရှေးရှေးတုန်းက သင်္ကြန်
ဟိုနှစ်တုန်းက သင်္ကြန်
ပြီးခဲ့လေသော သင်္ကြန် များက
မြို့တိုင်း၊ ရွာတိုင်း သူ့အတိုင်းအတာနှင့်သူ
စည်ကားပျော်ရွှင်စရာ ကောင်းခဲ့သည်။

l0ge8qu9le.jpg

သင်္ကြန်
ဒီ သင်္ကြန်ကတော့ ဝမ်းနည်းဖွယ်အတိ။
ကြေကွဲဖွယ်အတိ၊ နာကြီးစရာ အတိမို့
သင်္ကြန်ရေ ဒီနှစ်မှာတော့ တို့တွေ
မပျော်နိုင်သေးပါလေ။ ပျော်စရာကိုက
ပျောက်ဆုံးနေသလိုပါ။

lo0xf1o2r1.jpg

သင်္ကြန် ရေ ကအေးပါတယ်။
သို့သော် ရင်ထဲက အပူကို ဒီနှစ်
အတာသင်္ကြန်ရေက အေးနိုင်မယ် မထင်ပါဘူး။
သူ့မှာအပူ ကိုယ့်မှာအပူ
အများတကာ အပူတွေထဲ
ဒီနှစ်နွေက ပိုပူနေသလိုခံစားရတယ်။

s5xte3miuy.jpg

သင်္ကြန် ဆိုသည်က ကျုပ်တို့ မြန်မာလူမျိုးများ
အတွက် သဲသဲလှုပ်၊ သွပ်သွပ်ခါအောင်
အရူးအမူး အပျော်ကြူးသည့် ပွဲတော်ကြီးပ။
ထိုအပျော်တွေ ဒီနှစ် သင်္ကြန် မှာ ဘရိတ်အုပ်
ထားကြသည်။ ကိုယ်ချင်းစာစိတ်လေးတွေ
လူတိုင်းမှာ ရှိကြသည်။

jknap4nkrb.jpg

သင်္ကြန်ပွဲတော် ပျော်ပါးဖို့မအောင့်နိုင်သူ အချို့ကတော့
သူတို့ဖာသာ အုပ်စုဖွဲ့ပျော်ကြလေသည်။
ပျော်ကြပါစေ သူတို့လည်း သူတို့ခံယူချက်နှင့်
ဖြစ်သည်။ အပျော်ဆိုတာ လူတိုင်း မက်မော
ကြပေသည်။ တော်၏ မတော်၏ စဉ်းစား
ဆင်ခြင် ပျော်ကြပါစေ။

e1xftiphd7.jpg

သင်္ကြန် ဒီနှစ်မှာ တို့တွေ မြိုသိပ်လိုက်ကြမယ်။
နောင်နှစ်မှာ ကဲဖို့ တို့ပြည်သူတွေ ညီရဲ့လားဟေ့။

htwegyi@htwegyi
14-4-2022
သင်္ကြန် အကျနေ့။

ဟိုနှစ်သင်္ကြန် ဒီနှစ်သင်္ကြန် | Ecency