လွမ်း ရင်ထဲ လှိုက်လို့ သိပ်ကို လွမ်း။
ကိုတိုးကြီး၏ အသံဩဇာ ပါဝါအပြည့် သီချင်းသံကို
ကြားရသည့်အခိုက် ရင်ထဲမှာ တကယ်ကို
လှိုက်ဖိုရသည်။
မိုးအုံ့လို့ သစ်ရွက်ကလေးတွေ ငြိမ်နေရင်
တိမ်တွေပြိုတော့မှာ ကိုယ်သိတယ်။
ဝါဆိုရယ် သိပ်သတိရမိတယ်။
ဝါဆိုသီချင်းကို ဒေါ်မာမာအေး၏ ကြည်လင်
ပီသ ကြည်မြသော အသံဖြင့် သီဆိုသံကြားရသည့်
အခါမှာလည်း။ မိုးပေါက် မိုးသံကြားမှာ
ပုန်းညက်ပန်းကလေးများ လှုပ်ခါရမ်း နေမှုကို
မြင်ယောင်မိစေသည်။
တေးသီချင်းများက လူသားတို့၏ စိတ်ကို
ပြောင်းလဲစေသည်မှာ အမှန်တကယ်ပါလေ။
လွမ်းဆွေးဖွယ် သီချင်းသံကိုကြားတိုင်း လွမ်းဆွေး
ဝမ်နည်းကြရသည်။ မကြာမီ ကျရောက်တော့မည့်
အာဇာနည်နေ့အတွက် သီချင်းကတော့ ကျွန်တော်တို့
မြန်မာပြည်သူများ၏ အသည်းနှလုံးကို ဆွဲကြုံ
ယူငင်သွားစေသည်။ မိုးစက် မိုးမှုန်များကြား
အာဇာနည်နေ့အတွက် အာဇာနည်ခေါင်းဆောင်ကြီး
များအား နှမြောတသ လွမ်းဆွတ်သတိရမိစေသည်။
ရေးသူ၊ ဆိုသူများ၏ ရင်ထဲ၊ နှလုံးသားထဲမှ လှိုက်လှဲ
စွာ သီဆိုမှုကို ကြားရသူအပေါင်းမှလည်း ရင်ထဲမှာ
ဆို့နင့် ကြေကွဲစွာ နားသောတဆင်ကြရင် ဝမ်းနည်း
ကြရသည်။
နှစ် လ နာရီ အခါရာသီ ရွေ့ပေသည့် အာဇာနည်
နေ့ ကိုဖြင့် မမေ့ကြပေ။ ယနေ့ထက်တိုင် အာဇာနည်ခေါင်းဆောင်ကြီးများကို သတိရလွမ်းဆွတ်နေကြရသည်။ ဂီတသည် လူတို့၏ စိတ်ကို အမျိုးမျိုးပြုလုပ်နိုင်ပေသည်။ ဂီတက မှော်ပညာတခုပင်ဖြစ်သည်။
လူတို့ကို ရီအောင် ငိုအောင် ကခုန်အောင် ပြုလုပ်
နိုင်သည်။ ဂီတဖြင့် မွန်းကြပ်နေသော စိတ်ကို
ဖောက်ခွဲထုတ်ပစ်သည်ဟု ဆိုသော ဟဲဗီးသီချင်း
များကလည်း လူငယ်ထု၏ စိတ်ကို လွတ်လပ်စွာဖြင့်
ပေါက်ကွဲကြပြန်သည်။ ဂီတစွမ်းအား ကြီးမားသလို
စာပေစွမ်းအားကလည်း ကြီးမြင့်ပါသည်။
ဒါကြောင့်ပင် စာပေ၊ ဂီတအနုပညာက လူမျိုးတိုင်းမှာ
အရေးပါကြောင်း ပညာရှင်များက ပြောဆိုသည်။
အေအိုင်မှာ မေးကြည့်သည့်အခါ အောက်ပါအတိုင်း
ပြောသည်။
စာပေ၊ ဂီတနှင့် အနုပညာသည် လူမျိုးတိုင်း၏ ယဉ်ကျေးမှု၊
သမိုင်းနှင့် စိတ်ဓာတ်ကို ဖော်ပြပေးသည့် အရေးကြီးသော
အရာများဖြစ်သည်။ စာပေက အသိပညာနှင့် အတွေးအခေါ်များကို မျိုးဆက်မှ မျိုးဆက်သို့ လက်ဆင့်ကမ်းပေးနိုင်သည်။ ဂီတနှင့်
အနုပညာက လူတို့၏ ခံစားချက်များကို ဖော်ထုတ်ပေးပြီး
စည်းလုံးညီညွတ်မှုကိုလည်း တိုးပွားစေသည်။
ထို့ကြောင့် စာပေ၊ ဂီတနှင့် အနုပညာတို့သည် လူမျိုးတစ်မျိုး၏
ကိုယ်ပိုင်လက္ခဏာနှင့် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရာတွင် အလွန်အရေးပါသည်။
@htwegyi
July 6, 2026