Here Quarter-Final List

Words
213
Reading
1 min
1h
Listen to this post
~1 min

မနေ့က Arsenal ပွဲကို အားကျလို့ ထင်ပါရဲ့ ပင်နယ်တီ အဆုံးအဖြတ် ယူရသည့် ပွဲစဉ် ၂ ပွဲ အထိ ပါဝင်လာခဲ့၏။ Man City vs Brighton နှင့် Liverpool vs Chelsea တို့၏ ပွဲစဉ်များ ဖြစ်၏။ City အနေဖြင့် လူငယ် အရံကစားသမား အများစုကို ပွဲထုတ် ကစားသွားခဲ့၏။ သာမန် ပွဲချိန်အတွင်းမှာ Brighton နဲ့ ၂-၂ သရေကျ၏။ ဧည့်သည် Brighton အသင်းက ဦးဆောင်ဂိုးတွေ အရင် သွင်းယူ၏။ Brighton က သွင်းလိုက် City က ချေပလိုက်နဲ့ပေါ့။

၃၀ မိနစ်မှာ Brighton သွင်းတယ်၊ ၄၀ မှာ City ချေပတယ်။ ၄၇ မိနစ် မှာ Brighton ဦးဆောင်ဂိုး ထပ်သွင်းတယ်၊ ၇၂ မိနစ်မှာ City က ချေပဂိုး သွင်းတယ်။ မိနစ် ၉၀ ပြည့်သည်အထိ ၂-၂ သရေ ဖြစ်နေလို့ ပင်နယ်တီ အဆုံးအဖြတ် ယူရာမှာ ၄-၃ နဲ့ City က အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ အနိုင်ရသွားတဲ့ City အနေနဲ့ ကွာတား ဖိုင်နယ်မှာ Bradford အသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

Liverpool vs Chelsea အသင်း ပွဲစဉ်မှာတော့ သာမန် ပွဲချိန်ပြီးသည်အထိ တဖက် ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။ ၂ သင်းလုံးရတဲ့ ဂိုးတွေကလည်း ပင်နယ်တီ ပြစ်ဒဏ်တွေကနေချည်း သွင်းယူသွားတာပါ။ အချိန်အားဖြင့်လည်း မကွာပါဘူး။ ၄၀ မိနစ်မှာ Chelsea က ဦးဆောင်ဂိုးရတယ်။ ၄၃ မိနစ်မှာ Liverpool က ချေပတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာတော့ Liverpool က ၆-၅ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားပါတယ်။ Liverpool အနေနဲ့ ကွာတားဖိုင်နယ်မှာ Bournemouth နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

Bournemouth ဆိုလို့ ခုတလော အတော်ခြေစွာနေတဲ့ အသင်းက သူပါပဲ။ EPL မှာ Man United ကို အဝေးကွင်းမှာ ၀-၃ နဲ့ ဂိုးပြတ် အနိုင်ရခဲ့သလို EFL Carabao Cup round 4 ပွဲစဉ်မှာလည်း Aston Villa ကို ၃-၀ နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ Bournemouth တို့ ဒီတပတ်ထဲ ဂိုးတွေ မြူးနေပါတယ်။ Fulham ကို ၀-၁ နဲ့ အနိုင်ယူထားတဲ့ Crystal Palace နဲ့ Brentford ကို ၃-၂ နဲ့ အနိုင်ယူထားခဲ့တဲ့ Sunderland တို့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံနေပါတယ်။

Arsenal ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ Fleetwood အသင်း အနေနဲ့ကတော့ Everton vs New Castle ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ ကွာတားဖိုင်နယ် အဆင့်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

(photos from EFL Carabao Cup page)

Here Quarter-Final List | Ecency