အရာရာဟာ မိမိသဘော။

Words
150
Reading
1 min
Listen
Play
8M

ကျလိုက်တဲ့ Hive ဈေးရယ်က ဆယ်ပြားသို့ပင်
ရောက်ဖို့ ခက်ခဲရှာပေသည်။ ကိုယ်တွေရဲ့ တဒေါ်လာ
အိပ်မက်ပင် ဘယ်ချောင်သွားကာ ရှာရပါ့။
မျော်လင့်နေသည်က တ ဒေါ်လာ။ ရောက်ရှိ
လာသည်က ဆယ်ပြား ဘယ်သို့ ပြု့ရပါ့။
ကိုယ်တွေရဲ့ Hive ဈေးသာ ကျနေသည်။
မြန်မာပြည် ရွှေဈေးက တကျပ်သားကို
သိန်းတရာ့တစ်ဆယ်အနီးသို့ လှမ်းနေသည်။

အဲ့သဟာတော့ တက်ချက် တက်ပါစေ။
အခြေခံစားသောက်ကုန်များ မတက်ပါစေနဲ့
ဟု ဆုတောင်းရပေသည်။ ဝင်ငွေ အပေါက်ကသေး
ပြီး။ ထွက်ငွေအပေါက်က ဒလဟော
ဖြစ်နေသောအခါ။ ကိုယ့်ဖာသာ အဲ့
အပေါက်တွေကို ချုံ့ချင် ချဲ့ချင်သပဆိုလည်း
ကိုယ့်သဘောပါ့။ အရာရာဟာ မိမိသဘောအတိုင်းပါလေ။

အရာရာဟာ မိမိသဘောအတိုင်းဆိုပပါမူ
ခုနေ အမေစုကို လွတ်လပ်စွာ နေစေချင်ပါသည်။
အရာရာမိမိသဘောဆိုသည်က မိမိကိုယ်သာ
ပြုလုပ်နိုင်ပေသည်။ အခြားသောအရာကိုက
ပြုလုပ်နိုင်စွမ်း မရှိပေ။ ယခုချိန်မှာ မိမိကိုယ်ကိုပင်
သဘောကျအောင် လိုက်ပြီးမလုပ်နိုင်ပေ။ ဟယ်
ရှုပ်ကုန်ပါပြီ။ ဟိုက်ဈေးကကျ လူက နားထဲမှာ
ကိုယ့်စကားကိုပင် ပဲ့တင်သံလိုကြားနေရ၍
စိတ်က မကြည်လင်ပေ။

မှန်ပေသည်။ ခုတလော ကျွန်တော့်နားသည်
အပြင်မှ အသံများကို ဘယ်ဖက်နားမှာ လေတိုးသံ
လို၊ ပဲ့တင်သံလိုကြားနေရသည်။ လှိုင်သံလို
ပြန်ကြားနေရသည်။ အသက်ကြီးလာတော့
ခါးက ကိုင်း၊ နားက ထိုင်း၊ မျက်စိက မှုန်
ဘာတခုမှ မကောင်းချင်တော့။ မြို့ထဲမှာ
ဆိုပါရင် နားနှာခေါင်း ဆေးရုံကြီးသို့ သွားပြ
ရန် အဆင်ပြေသည်။ မြို့ပြင်ဆိုတော့ သွားပြဖို့
လေးဖင့်နေသည်။ နေလို့ ရသဖြင့် နေ ခြင်းလည်း
ဖြစ်ပေသည်။

အရာရာဟာ သူ့အလိုကျဖြစ်လာခဲ့သည်ဟု
ပြောကြသည်။ ထိုသို့ သူအလိုလိုကျရန်လည်း
လူသားများက ပြုလုပ်ကြပြန်သည်။ အကြောင်း
အကျိုး၊ အကောင်းအဆိုး လှိုင်းလေများကြား
နစ်လိုက် ပေါ်လိုက်၊ မြုပ်လိုက် ပေါ်လိုက်နဲ့
ယက်ကန့်ယက်ကန့် လိုက်ပါရသည်။ ငါ
ယနေ့ အသက်ရှင်နေပါသေးလား။ ငါဒီနေ့
ကောင်းစွာ အိပ်စက်ရပါလား။ ဆိုတဲ့ အတွေးနဲ့
စိတ်ကို ချမ်းသာစွာ မွေးမြူနေထိုင်ရသည်။
ကိုယ့်ထက် ခက်ခဲ ပင်ပန်းသူများကို ကြည့်၍
အားမွေးရပေမည်။ အဆိုးတွေပြီရင် အကောင်း
တွေက လာချေအုံးမည်။

htwegyi@htwegyi
January 28, 2026