ယနေ့မီးပျက်သည်။ မပျက်တာ အတော်ကြာပြီ
ဖြစ်သည်။ သူမပျက်တာလည်း ကြာတော့ ကိုယ်တွေ
လည်း အမှုမဲ့ အမှတ်မဲ့နေသည်။ မနက်ကိုးနာရီခွဲခန့်မှ
ပျက်သွားသောမီးသည်။ ဆယ့်တစ်နာရီလည်းမလာ။
ဆယ့်နှစ်နာရီလည်း မလာ။ ဆယ့်နှစ်နာရီခွဲကျော်မှ
လာသည်။
မီးလာမှ ထမင်းပေါင်းအိုးတည်မည်ဟု စိတ်ကူးသည်။
ဆယ့်နှစ်နာရီခန့်ဆိုပါမူ မီးလာတန်ကောင်းပါရဲ့ဟု
တွေးရင်း ထမင်းအိုးတည်ဖို့ စောင့်သည်။ မီးမလာ
တော့ ခက်ပေသည်။ အမေက ထမင်းပူလေးစားချင်
သည်။ မနက်ကချက်သော ထမင်းတော့ရှိသည်။
မီးစောင့်ရင်ဖြင့် အမေ ထမင်းစားဖို့ နောက်ကျပေမည်။
သို့နှင့် အမက ဂက်စ်မီးဖိုဖြင့် ထမင်းချက်ရန်
ပြောသည်။ သို့နှင့် ဂက်စ်မီးဖိုဖြင့် ပေါင်းအိုးကို
ရေခမ်းချက်သည်။ ဂက်စ်မီးဖိုဖြင့် ထမင်းချက်တာ
ထမင်းတဘူးခွဲကို မိနစ်နှစ်ဆယ်သာကြာသည်။
ထမင်းချက်ရင်း ဖုန်းကောက်ကိုင်ကာ ပျားများစုဖို့
အချိန်ကြည့်မိသည်။ နွေဦးပျားများကို စုလာသည်မှာ
လယ်ဗယ် တစ်ဆယ်သို့ ရောက်ပေသည်။ အခြားသူ
တွေက လယ်ဗယ် တစ်ဆယ်ရောက်သည်မှာ ကြာပေမည်။
ကိုယ်တွေက ခုမှ ရောက်ခြင်းဖြစ်သည်။
လယ်ဗယ် တစ်ဆယ်ရောက်ပြီး ဘာဆက်လုပ်ရမည်
လည်းဟု သိချင်မိသည်။ တစ်ကနေ ပြန်စရမှာလား။
ဒါမှမဟုတ် မည်သို့များ ဆက်လုပ်ရပါမလဲဟု
စိတ်လှုပ်ရှားမိသည်။
သို့ပေသိ သူက လယ်ဗယ် တစ်ဆယ်မှာပင် ရပ်တန့်ကာ
ပျားများကို ဆက်လက် တူးခိုင်းထားသည်။ ဒီတော့
ရှေ့ဆက်ပြီး ဘာဖြစ်လာမလဲဆိုသည့် ရင်ခုန်မှုမျိုးကို
မရကြတော့ပေ။ ဘာဖြစ်လာမလဲဆိုသည်ကို မသိရ
လေတော့ နေ့စဉ် ပုံမှန် တကြိမ်သာဝင်ပြီး နှိပ်ခိုင်းသည့်
Biget တို့လို့ ပြုလုပ်သင့်ပေသည်။ သို့မှ နှိပ်သူများလည်း
အဆင်ပြေမည်။ နို့မို့ ယခုဟာက သူ့ကို
မနှိပ်မိရင် ကိုယ်ရဲ့ လယ်ဗယ်များ လျော့ကျသွားသည်က
အဆင်မပြေပေ။
နည်းပညာများအပြိုင် အဆိုင်ဖြစ်နေသည့်အထဲ
ကိုယ်တွေရဲ့ နွေဦးပျားတိုကင်လေးလည်း ခပ်မိုက်မိုက်
လေးဖြစ်ချင်သည်။ ခပ်မိုက်မိုက်ဖြစ်ချင်သည်ဆိုမှ
အက်စ်ဒီဘီက ကိုယ်တွေ ဒုတိယအကြိမ်ဝယ်ယူသော
ဈေးအောက်သို့ပင် ရောက်ပေသည်။ Hive ကဈေးကျ၊
အက်စ်ဒီဘီက ဈေးကျ အကုန်ကျနေတော့
ဘာဆက်လုပ်ရပါ့။ စာသာဆက်ရေးပေါ့ ဟု
ကိုယ့်ကိုကိုယ် အားပေးရင်း။ ဈေးတက်မည်နေ့
အတူတူ စောင့်ကြရင်း ရေးကြတာပေါလေ။
ဈေးတက်ပါလို့ ပြောလည်း ရချင်မှရတာ။
ဈေးကျပါလို့ ပြောလည်း သူတက်ချင်ရင် တက်တာ။
သဗ္ဗေသတ္တာပါ Crypto တွေရယ်ဟုသာ။
@htwegyi
February 10, 2026