ပင်လယ် သမုဒ္ဒရာ ကျော်ဖြတ်ကာ

Words
87
Reading
1 min
Listen
Play
7y

image

အစက ကိုယ့်ကိုကိုယ် အဟုတ်ကြီးမှတ်နေတာ။
ကိုယ်ဟာနဲ့ကို တော့ စိတ်ကူးတွေယဉ်နေမိခဲ့
သည်။ စိတ်ကူးမှာတော့ တွက်ရေးက စက်သူဌေး
ဆိုတဲ့အတိုင်း တစ်နှစ်ဆိုရင်ဘယ်လောက်ရမလဲ
ပေါ့။ ခုထိလည်း စိတ်ကူးက မပျက်သေးပါဘူး။
ဆက်ပြီး စိတ်ကူးအိပ်မက် မက်နေတုန်းပဲ။
ဒါပေမဲ့... ဒါပေသိပေါ့ဗျာ မမျော်မှန်းနိုင်တဲ့
အခြေအနေဆိုတာ ပေါ်ပေါက်လာတတ်တယ်
ဆိုတော့။ ကိုယ်တွေရဲ့ အိပ်မက်လေးက လှုပ်ခါ
ရမ်းသွားသည်။

iy2btfgh0s.jpg

ကိုယ်ရဲ့စိတ်ကူးတွေ အတွေးတွေ၊ မြင်ရာ
တွေ့ရာတွေ စာလုံးအဖြစ်ဖန်တီးပြီး ရေးချ
ကာ ဒေါ်လာဆိုသည့် အဲ့ $ အက္ခရာလေးနဲ့
အိပ်မက်မှာ ပျော်ပါးမြူးထူးနေခဲ့သည်။
မထင်မှတ်ပဲ အိပ်မက်သမုဒ္ဒရာမှာ တဝုန်းဝုန်းနဲ့
အားပါးရ လက်ပစ်ကူးနေတုန်း အုံးကနဲ့
ဝုန်းကနဲ့ လှိုင်းကြမ်းကြီးက နိုးဆွလိုက်သည့်အခါ
အိပ်မက်တို့က ကစဉ်ကလျှာ ဖြစ်ကုန်သည်။

လှိုင်းကြမ်းကြီးထဲ မျှောပါသွားသူအားကြည့်ရင်း
ရင်ထဲမှာ စိတ်မကောင်း ဝမ်းနည်းခံစားရသည်။
သမုဒ္ဒရာထဲ ကူးခတ်ကြသူချင်း ရိုးရိုးသားသား၊
မရိုးမသား ကူးနေကြသူတွေ ရှိကောင်းရှိနိုင်မည်။
ရိုးသားစွာကူးခတ်နေသူ အချင်းချင်းအတွက်
တစ်ဦးနဲ့ တစ်ဦးအားပေးရင်း ရှေ့ဆက်ရမည့်
သမုဒ္ဒရာခရီးက ကြမ်းတမ်းသည့်အပြင်
မှောင်မဲလွန်နေပါလားဗျာ။ အားပေးမည့်
အလင်းရောင်လေး တစ်ခုခုများ ပေါ်လာနိုးနဲ့
ကျွန်တော်တို့တွေ ရူးသွပ်စွာ ရှေ့ဆက်
ဆက်ကာ ကူးခတ်နေကြဆဲ ........။

n1fo9tadut.jpg

htwegyi@htwegyi
Image pixabay
MSC.036

ပင်လယ် သမုဒ္ဒရာ ကျော်ဖြတ်ကာ | Ecency