ထို့ပြင် ပွင့်ပွင့်လင်းလင်းလည်း မပြော။ အသင်း Training မလာလို့ လှမ်းမေးမှသာ သိရတော့၏။ မဖြစ်သင့်ပေ။ လုပ်ချင်တာ လုပ်မယ်ဆိုရင်လည်း တာဝန်ယူရဲရမည် မဟုတ်လား။ အသင်း ပြောင်းတာကို စိတ်ဆိုးနေတာ မဟုတ်ပေ။ ကျနော်တို့ လိုချင်တာက ပကျော့မှာ မကစားထားရလို့ ကိုယ့်ကြောင့် အသင်းလည်း နစ်နာထားလို့ ဒုကျော့တော့ အသင်းအတွက် သေချာ ကစားပေးမယ်ပေါ့။ ထိုသို့ ထင်မှတ်ထားခဲ့၏။ မျှော်လင့်ထားသလို ဖြစ်မလာပေ။
Phone ဆက်တော့လည်း မကိုင်။ ရှောင်ဖယ်မနေဘဲ ဖြစ်ကြောင်း ကုန်စင်ကို ပြောပြသင့်သည် မဟုတ်လား။ မေးမှ ဖြေတော့၏။ ဒါတောင် Messenger, Telegram အကုန် စုံအောင် မေးလိုက်ရ၏။ ပုံမှန်ဆို သိပ်ကပ်တွက်သူ မဟုတ်ပေမဲ့ သူ့ အတွက် လုပ်ထားပေးသည့် Jersy တွေ ပြန်ပေးဖို့ ပြောလိုက်၏။ ဟုတ်တယ်လေ ပကျော့ကလည်းမကန်ထား ခု ဒုကျော့ သူများအသင်း သွားမယ့်သူကိုတော့ ဘာလို့ Jersy ပေးလိုက်ရမှာလဲ။
အဆိုပါ ညီလေး ကိစ္စ မပြီးပြတ်ခင် နောက် ညီလေး တယောက်ကလည်း အသင်းပြောင်းမလို့ ဆိုပြီး ပြောလာ၏။ သူလည်း အစောက ညီလေးနဲ့ တသင်းထဲကို ပြောင်းခြင်း ဖြစ်၏။ ကောင်းရော။ ထို ညီလေးကတော့ နှုတ်အားဖြင့်ပဲ သဘောတူထားခဲ့တာပါ။ ဟို ညီလေးလိုတော့ မဟုတ်ပေ။ သို့ပေမဲ့ နည်းနည်းတော့ ခံရခက်၏။ တယောက် မရှိလည်း တယောက်ရှိသေးတယ်ပေါ့။ ခုတော့ ...
သူတို့ နှစ်ယောက်လုံးက ၂၀ အရွယ် ကစားသမားတွေ ဖြစ်၏။ ခြေစွမ်း ခြေစ မဆိုးဟု ပြောလို့ရ၏။ ဒါပေမဲ့ စိတ်နေ စိတ်ထား ခံယူချက်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်စေခဲ့၏။ အရွယ်ငယ်သေးသဖြင့် တချို့ အပိုင်းတွေကို သေချာ မတွေးတော မစဉ်းစားတတ်သေးတာလည်း ပါမယ် ထင်ပါရဲ့။ ဘာပဲ ပြောပြော ကျနော်တို့မှာတော့ အတော်လေး ကသီသွားခဲ့ပြီ။ ဒုကျော့ အတွက် အငယ်တွေ ရှာရပေလိမ့်ဦးမည်။