မိုးရေများအောက် ကျောင်းဆင်းခြင်း။

Words
155
Reading
1 min
Listen
Play
1d

မိုးနဲ့ လေနဲ့ မုန်းတိုင်းနဲ့ အားကြီးလာနေတော့
ဘုရားတရား တ ကြရပါပြီ။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ
မိုးကြီး ရေလျှံနေသည်။ မြို့‌တော်ဘန်ကောင်မှာပင်
‌လမ်းမများပေါ်ရေလျှံနေမှုက ထိတ်လန့်စရာ။
ကမ္ဘာကြီး၏ ရာသီဥတုက ပျက်စီးမှုများစွာဖြင့်
ကမ္ဘာမြေကို လက်ဆောင်များပေးနေသည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံများကလည်း သူရို့ကိစ္စ
လောဘများစွာဖြင့် ပြိုင်ဆိုင်လို့ မပြီးနိုင်ကြပေ။
နောက်ခြောက်လအကြာမှာ လာပါအုံးမည်
အယ်နီညိုဆိုသည့် ရာသီဥတုဆိုးရွားမှုကြီး။

ကိုယ့်ပြည်တွင်းရေးကလည်း အားလုံးသိတော်မူကြ
သည့်အတိုင်း တနေ့ရွှေ၊ တနေ့ငွေ။ တနေ့ရွှေ၊ တနေ့
ငွေ ဆိုသည်ကာ ဘယ်နေ့မှာ ဘယ်ရွှေဆိုင် ဓားပြ
တိုက်ခံရမလဲ။ ဘယ်နေရာ၊ ဘယ်အချိန်မှာ ငွေနဲ့
ပစ္စည်းများ အလုခံရမလဲဆိုသည်ကို ပြောပေခြင်း
လားလေ။ မည်သူတွေ မည်သို့ဖြစ်ပါစေ မိုး မိုး မိုး
စမ်းရေမိုး ဆိုသည့် သီချင်းသံကို ဘေးမူကြိုကျောင်း
မှ ကြားနေရသည်။

မူကြိုကလေးများကို သူရို့ဆရာမများက တစ်တော့
ရိုက်ပြီး သရုပ်ဆောင်ခိုင်းနေခြင်းဖြစ်ပေသည်။
စမ်းရေမိုးတစ်ဖွဲ့၊ အောင်ဇမ္ဗူကတစ်ဖွဲ့ဆိုပြီး
ကလေးများကို အဖွဲ့များခွဲပြီး ဆရာမများက
တစ်တော့ရိုက်နေသည်။ ဇာတ်မင်းသားများ၏
သီချင်းကို ကလေးများက အားလုံးနီးပါး
ရကြသည်။ သီချင်းဖွင့်သံအတိုင်း လိုက်ပါ
အော်ဟစ်သီဆိုကြသည်။ ဆရာမများနဲ့ တပည့်များက
အတိုင်အဖောက်ညီနေကြသည်ကို နံရံတဖက်မှ
ကြားနေရသည်။ ဒီကြားထဲမှာ ချန့်ကေ့ကို၏
ဇာတ်မင်းသားသံဖြင့် သီဆိုနေမှုကိုလည်း ကြားရပြန်သည်။
ငါးပွက်ရာ ငါးစာချကြပေသကို။

ဆရာမများနဲ့ ကလေးတို့ သီချင်းဆိုနေစဉ် ကောင်းကင်
မှ မိုးသားများ မဲမှောင်လာပေသည်။ မကြာမီရွာ
တော့မည့် မိုးမင်းက မာန်ချီ ဟန်ချီနေပေသည်။
‌ကံကောင်းသည်ဟု ပြောရမည် ကလေးများ
ကျောင်းဆင်းပြီးသကာလမှ မိုးမင်းက ရွာသွန်းဖြိုး
ပါလေသည်။ ကားလမ်းမပေါ်သို့ ရေလျှံသွားလေသည်။
ကိုယ်ပိုင်ကျောင်းမှ ကလေးများက ကား၊ ဆိုင်ကယ်
များဖြင့် အသီးသီး ကျောင်းဆင်းကြိုသွားကြသည်။

အဲ ကျုပ်တို့လို ငယ်ဘဝကလေးတသိုက်ကတော့
မိုးရေများကြား လွယ်အိတ်များဖြင့်ပျော်မြူးစွာ
သွားလာနေကြသည်။ အဖြူအစိမ်း ကျောင်းသား
တသိုက်ကတော့ စကားများပြောရင်း၊ စလိုက်
နောက်လိုင်ဖြင့် ရေလျှံနေသော လမ်းမထက်မှာ
လုံချည်၊ ဘောင်ဘီများ မရင်း တစွတ်စွတ်
အေးဆေးစွာ လျှောက်လာနေကြသည်။
သူရို့လေးတွေကို ကြည့်ရင်း ကလေးဘဝ
ညနေကျောင်းဆင်းချိန် မိုးသည်းသည်းမှာ
အိမ်ပြန်ခဲ့ရသော အချိန်ကို သတိရနေမိသည်။
အပူပင် ကင်းတဲ့ ကလေးဘဝက လွမ်းစရာ
တမ်းတစရာပါလေ။

htwegyi@htwegyi
September 28, 2026

မိုးရေများအောက် ကျောင်းဆင်းခြင်း။ | Ecency