ဒီလိုနဲ့ အဆုံးသတ်သွားတော့မှာလား

Words
230
Reading
2 min
Listen
Play
2h

ဒီရက်ပိုင်း Ronaldo သတင်းက လူအများ၏ အာရုံကို ဖမ်းစားလို့ထား၏။ Nations League ပြိုင်ပွဲ အတွက် အသင်းနဲ့ ပူးပေါင်းနေရာက ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။ နည်းပြသစ် Jorge Jesus နဲ့ အဆင်မပြေမှုတွေ ရှိနေပုံရ၏။ တကယ်ဆို သူတို့က ပိုပြီး အဆင် ပြေကြရမှာလေ။ Al Nassr အသင်းမှာ အတူတကွ လက်တွဲခဲ့ကြသည် မဟုတ်လား။ ထို့ပြင် Portugal လက်ရွေးစဉ် နည်းပြနေရာ အတွက် Jesus ကို Ronaldo က ထောက်ခံပေးခဲ့သည်ဟုလည်း ပြောနေကြ၏။

ထို့ကြောင့် ကိုယ်မွေးသည့်မျောက် ကိုယ့် ပြန်ခြောက်သည်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လို့ လာခဲ့၏။ ဘယ်လိုကြောင့် ဘာတွေ ဖြစ်ခဲ့သည်ကတော့ ကာယကံရှင်တွေသာ အသိဆုံး ဖြစ်ပေလိမ့်မည်။ Nations League အဖွင့်ပွဲမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခဲ့ရပေမဲ့ Norway နဲ့ ပွဲစဉ်မှာ အရံကစားသမား အဖြစ် ရှိနေခဲ့၏။ သို့ပေမဲ့ Norway နဲ့ ပွဲစဉ်မှာ ဝင်ရောက် ကစားခွင့် မရခဲ့ပေ။ ‌အချို့ကစားသမားတွေ အတွက် သာမန် ကိစ္စရပ် ဆိုပေမဲ့ Ronaldo အတွက်ကတော့ ကိစ္စကြီး တရပ် ဖြစ်သွားခဲ့၏။

Norway နဲ့ ပွဲမှာ အရံကစားသမား အဖြစ် ပါဝင် ကစားခွင့်ရမယ် ပြောထားပေမဲ့ မကစားခဲ့ရပေ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ Denmark နဲ့ ပွဲမှာလည်း Ronaldo ကစားခွင့်ရမှာ မဟုတ်ဘူးဆိုပြီး နည်းပြက ပြောကြားခဲ့၏။ အဲ့မှာတင် Goat ကြီး Ronaldo တင်းပြီး အသင်းစုရပ်ကနေ ထွက်ခွာသွားခဲ့လေတော့၏။ ‌ဆရာသမားကတော့ ပြောဆို အသိပေးပြီးမှ သွားတာဆိုပေမဲ့ ဂယက်ပေါင်း သောင်းခြောက်ထောင်တွေ ဖြစ်ကုန်၏။

နောက်ဆက်တွဲ ကြားသိရတဲ့ သတင်းတွေအရ ဝန်ကြီးချုပ်ကပါ ဘာကြောင့် ဘယ်လိုကနေ စဖြစ်တာလဲဆိုပြီး မေးမြန်းယူရသည်အထိပင်။ Ronaldo ကစားခွင့် မရခြင်းက နိုင်ငံအဆင့် ကိစ္စရပ်တွေပါ ဖြစ်ကုန်လေပြီလား။ Ronaldo effect က ကြီးမားလှပေ၏။ နည်းပြကလည်း သူ့ လုပ်ပိုင်ခွင့်နဲ့ နေရာ အရ နည်းစနစ်ပေါ် မူတည်ပြီး ဘယ် ကစားသမားကို ထည့်သွင်းကစားမည်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိ၏။ ထို့ပြင် ဘယ်ကစားသမားမှ အသင်း၏ အထက်မှာ မရှိစေရဟု ပြောကြားထား၏။

သို့ပေမဲ့ World Cup အပြီးမှာ လက်ရွေးစဉ် ကစားသမား အဖြစ်ကနေ အနားယူမယ့် Ronaldo ကို အဖွဲ့ချုပ်ကပဲ ခေါ်ထား ဆွဲထားကြသည် မဟုတ်လား။ ငါ့ ခေါ်ထားရင်တော့ ပေးကန်ပေါ့ ဟုတ်တယ်မလား။ First lineup မဟုတ်လည်း အရံ ဖြစ်ဖြစ်ပေါ့။ ခုက ဘယ်လိုကြီးလဲပေါ့။ Denmark နဲ့ ပွဲမှာ Ronaldo မပါဝင်သည့် Portugal အသင်း ၂-၄ ဖြင့် နိုင်ပွဲရခဲ့၏။ အဆိုပါပွဲမှာ Denmark ကစားသမား Hojlund က ချေပဂိုး သွင်းယူချိန်မှာ Ronaldo ၏ အောင်ပွဲခံပုံစံအတိုင်း အောင်ပွဲ ခံသွားခဲ့ပြီး ပွဲအပြီးမှာ နည်းပြ Jesus ကို နှုတ်မဆက်ပဲ တွန်းဖယ်ကာ သူ၏ Idol အတွက် မကျေနပ်ချက်ကို ပြခဲ့လေ၏။ နောက်ဆက်တွဲ ဘာတွေ ဖြစ်မလဲကတော့ စိတ်ဝင်စားဖို့ ကောင်းနေ၏။ ခဏတာ စိတ်ကောက်မှုလား။ ဒါမှမဟုတ် Ronaldo ၏ လက်ရွေးစဉ်အသင်းနဲ့ အပြီးတိုင် လမ်းခွဲမှုလားကတော့ စောင့်ကြည့်ကြရုံသာ။

(photos from Ronaldo page)