ကမ္ဘာကြီးနဲ့ ငါတို့။

Words
167
Reading
1 min
Listen
Play
35m

ကမ္ဘာကြီးက ငါတို့ကို ဂရုမစိုက်ချင်‌နေပါစေ။
ငါတို့ကိုယ် ငါတို့ ဂရုစိုက်ကြမယ်။
ကမ္ဘာကြီးကငါတို့ကို မကူညီချင် နေပါစေ။
ငါတို့တစ်ဦးနဲ့ တစ်ဦးကူညီရိုင်းပင်းကြမယ်။
ကမ္ဘာကြီးကသူ့ဟာနဲ့သူ အလုပ်ရှုပ်နေပါစေ။
ငါတို့တစ်တွေ အလုပ်ကိုကြိုးစားကြမယ်လေ။
တစ်နေ့မှာ ကမ္ဘာကြီးက ငါတို့ကိုသတိထားမိလာအောင်
ငါတို့ အတူတူ အားစိုက် ရုန်းလိုက်ကြရအောင်။

ဘာရယ်ဟုတ်ပါဘူးဗျာ၊ မနက်စောစော အိပ်ရာကနိုးတော့
အဲ့စကားလုံးလေးတွေ ခေါင်းထဲမှာ ပေါ်လာ
တာနဲ့ ချရေးလိုက်တာပါ။ ကိုယ်တွေတိုင်းပြည်ရဲ့
ယခုဖြစ်ပျက်နေတာကို မြင်ရ ကြားရတာ။
စိတ်မချမ်းသာသမို့ ကိုယ့်အမျိုးတွေအတွက်
ဘယ်လိုပင်ပြောရ၊ ရေးရ၊ ခံစားရမည်ဆိုတာ
ပြောပြ၊ ရေးမရ၊ မခံစားနိုင်နိုင်အောင်ပင်
ဖြစ်နေရသည်။

ကိုယ့်အိမ်တွင်းရေး ကိုယ်သာ အသိဆုံး။
ဘေးအိမ်က နှုတ်နဲ့ ပြောယုံရှိမယ်၊ ကူညီသူက
ထမင်းတစ်နပ်ကျွေးယုံပ။ ကိုယ့်အကြောင်း
ကိုယ်သာသိကြမယ်။ ကိုယ့်အားကိုယ် ကိုးမှ
ကိုယ်သာ အရှင်ဖြစ်မည်တဲ့။ သီချင်းလည်းရှိတယ်၊
အမှန်တကယ် လက်တွေ့မှာလည်း တို့တတွေ
ခံစားနေရတယ်။ ခက်တာက ကိုယ်တွေလူမျိုးက
နှစ်ယောက်ထဲပင် မတည့်အောင်နေသော
လူမျိုးဖြစ်သည်။

ကိုယ့်အတ္တကိုယ်သာ ‌ဦးစားပေကြသူကအများသား။
တဖက်သားကို ဦးစားပေးဖို့ စိတ်ကူးအတွေးပင်
ရှိသူက အရှားသား။ ဒီတော့ ညီညွတ်ဖို့က
အ‌တော်ကို ခက်ခဲပေမည်။ အဓိကနှင့် သာမည
ခွဲခြားသိပါလျှက်နဲ့ အသိခေါက်ခက် အဝင်နက်
သူများပါလေ။ ထိုသို့ အတ္တကို ဦးစားပေးရသည်ကလည်း
ကျုပ်တိူ့လူမျိုးအများစုက ငယ်ကတည်းက
အသားကျလာသူက အများသား။

ကျုပ်တို့ငယ်စဉ် မိဘအများစုက ကိုယ့်သားသမီးကို
သင်ကြားရာမှာ။

"ရန်ဖြစ်တဲ့အခါ ခံမလာရစေနဲ့၊ နိုင်အောင်
ချလာခဲ့။ ပြဿနာဖြစ်ရင် ငါတို့ရှင်းမယ်"
အဲ့ဒီ ငါတို့ရှင်းမယ်ဆိုတဲ့လူတွေ မရှိတော့တဲ့အခါ
သူရို့ကလေးကို ဘယ်သူကများ ရှင်းပေးပါ့မယ်။
ကိုယ့်အတ္တကို ဦးစားပေးရန်ပြောကြားသူက
အများသားပါလေ။ သို့ပေသိ ဆုံးမသော
အမိအဖများလည်း ရှိကြပါသည်။ နို့ပေသိ
ဆုံးမသောမိဘနှင့် ချခဲ့ ငါရှင်းမယ် ဆိုသော မိဘများ
အနက် မည်သို့သော မိဘကများသလဲဆိုသည်
ကတော့ မသိပေ။ အတ္တကို ရှေ့တန်းတင်သူ
များလာပါရင် ငြိမ်းချမ်း၊ အေးချမ်းဖို့ရာက
ဝေးကွားနေပါအုံးမည်။

ကျွန်တော်တို့ အတူတကွ ညီညွတ်၊
အေးချမ်း၊ ငြိမ်းချမ်းကြမည်
ဆိုပါမူ။
ကမ္ဘာကြီးက ငါတို့ကို ဂရုမစိုက်ချင်‌နေပါစေ။
ငါတို့ကိုယ် ငါတို့ ဂရုစိုက်ကြမယ်။
ကမ္ဘာကြီးကငါတို့ကို မကူညီချင် နေပါစေ။
ငါတို့တစ်ဦးနဲ့ တစ်ဦးကူညီရိုင်းပင်းကြမယ်။
ကမ္ဘာကြီးက သူ့ဟာနဲ့သူ အလုပ်ရှုပ်နေပါစေ။
ငါတို့တစ်တွေ အလုပ်ကိုကြိုးစားကြမယ်လေ။
တစ်နေ့မှာ ကမ္ဘာကြီးက ငါတို့ကို
ဂရုစိုက်၊ သတိထားမိလာအောင်
လာပါ ငါတို့ အတူတူ
အားစိုက် ရုန်းလိုက်ကြရအောင်။

htwegyi@htwegyi
October 2, 2026

ကမ္ဘာကြီးနဲ့ ငါတို့။ | Ecency