အလုပ်အကိုင်မရှိတော့ တနေ့တနေ့
ဖုန်းကြည့်လိုက်၊ စာဖတ်လိုက်နှင့် အချိန်ကုန်
သည်။ စာဖတ်တာက နည်းနည်း၊ ဖုန်းကြည့်
တာက များများဖြစ်သည်။ မျက်လုံးက
မကောင်ပါဘူးဆို ဖုန်းအကြည့်များနေသည်။
ဖုန်းအကြည့်များဆို ဘာသတင်းများထူးမလဲပေါ့။
သတင်းထူးတွေကလည်း တက်သကို။
ဝီလ်စမစ်က အော်စကာဆုပေးပွဲ ပါးတက်ချ
တဲ့အကြောင်း ဒါကတော့ အနည်းငယ်
စိတ်ဝင်တစားပေါ့။ ပခုက္ကူမှာ အာမခံရုံးလား
အခွန်ရုံးလား ဝင်စီးသည့်သတင်းကတော့
စိတ်ဝင်စားစရာပေ့ါ။ အံမယ် ပီဒက်ဆီကတောင်
လက်နက်ဝင်လုသတဲ့ အတော်လာတဲ့ လူတွေ။
အော်စီက ကိုးဆယ့်ရှစ်သန်း ထောက်ပံ့မည်တဲ့။
ပြီတော့ လူနှစ်ထောင်ကို ခိုလုံခွင့်ဗီစာ ပေးမည်တဲ့။
သိပ်ကောင်းတဲ့ သတင်းတွေပေါ့။ ဒီသတင်းတွေ
ဖတ်နေရတာနဲ့ ဖုန်းအကြည့်ကများ။
ခုတောင် မူဆယ်ကို ရောက်လာပြီဟု သတင်း
ကြားရသည်။ မင်္ဂလာရှိပါပေ့။ ဟားခါးမှပုဇဉ်း
တကောင်ပြုတ်ကျသတဲ့ ဖတ်လို့ လွတ်ကောင်းပ။
သတင်းတွေကြည့်နေရင်နဲ့ ဗိုက်ဆာ။
အချိန်တန်တော့လည်း ဝမ်းရေးက ဖြေရှင်း
ရပါသည်။ အိမ်မှာရှိသည့် သရက်သီးများကို
ခြစ်ပြီး၊ ကြက်သွန်၊ ငရုပ်သီး၊ ပဲမှုန့်နှင့်
သုပ်စားသည်။ ပဲဟင်း၊ ကြက်သားပြုတ်ကျော်
လေးနဲ့ စားလိုက်တော့ မြိန်ပါသည်။
ကုလားပဲသုပ် ကတော့ တမြန်နေ့က သုပ်စား
သည်။ hive ဈေးက ယခုလို တဖြည်းဖြည်း
ပုံမှန်လေးတက်နေပါရင် စိတ်ပျော်ရွှင်ရပါ့။
ကိုယ်ရေးသလို တနေ့ 0.1 လောက်သာ
ပုံမှန်ဈေးတက်ပါစေ။ ဟိုက်ဈေးတက်ပါရင်ဖြင့်
ကိုယ့်လူတွေ လွန်စွာ စိတ်ချမ်းသာကြမှာ
မလွဲပါဘူး။ မလွဲရအောင်ဖြင့် ဟိုက်ရေ
ဖြည်းဖြည်းလေးနဲ့ မှန်မှန်လေးသာ
ဈေးတက်ပါလေ။
@htwegyi
29-3-2022