မနေ့ည ၆ နာရီ အစောဆုံး ပွဲစဉ် ဖြစ်သည့် Arsenal vs Leeds ပွဲစဉ်မှာတော့ အိမ်ရှင် Arsenal က ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ နိုင်ပေမဲ့ နိုင်ပွဲရဖို့ အတော်လေး ကြိုးစားလိုက်ရပါတယ်။ ဧည့်သည် Leeds က ဦးဆောင်ဂိုးကို ၅၅ မိနစ်မှာ အရင် သွင်းယူခဲ့တာပါ။ ၆၂ နှင့် ၇၀ မိနစ်တို့မှာ Arsenal တို့ သရေဂိုးနှင့် အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့လို့သာ Leeds ထံကနေ အဖိုးတန် ၃ မှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခုရှုံးပွဲကြောင့် Leeds အနေဖြင့် အဆင့် ၆ နေရာသို့ ရောက်ရှိသွားခဲ့ပြီး Arsenal ကတော့ အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်ပြီး Man City ကို လိုက်လံ ဖိအားပေးထားပါတယ်။ Aston Villa vs Brentford ပွဲစဉ်မှာတော့ တဖက်ကို ၂ ဂိုးစီ သရေ ကျသွားခဲ့ပါတယ်။ တသင်းက သွင်းလိုက် တသင်းက ပြန်ချေပလိုက်နဲ့ ပွဲက အကြိတ်ရှိပြီး အတော်လေး ကြည့်ကောင်းခဲ့ပါတယ်။
Chelsea vs Bournemouth ပွဲစဉ်မှာတော့ အိမ်ရှင် Chelsea က ၅-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ EPL တကျော့ပြန် ကစားသမားကြီး Henderson ခြေစွမ်းပြတဲ့ ပွဲလို့ ပြောရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ၂ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ပေးခဲ့ပါသေးတယ်။ လူအိုတွေ ခေါ်ထားပြီး ဘာလုပ်မှာလဲလို့ ရာသီ အစပိုင်းမှာ မေးခွန်းထုတ်ခဲ့သူတွေ ခုဆို တိတ်သွားလောက်ပါပြီ။ နည်းပြ Xabi Alonso က သူ့အသင်းကို ဖြည်းဖြည်းမှန်မှန် တည်ဆောက်နေပါပြီ။
Ipswich vs Fulham ပွဲစဉ်မှာ အိမ်ရှင် Ipswich အသင်းက Fulham ကို ၂-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ၅၅ မိနစ်မှာ ဧည့်သည်အသင်းက ဦးဆောင်ဂိုးအရင် သွင်းယူတာပါ။ Ipswich အနေနဲ့ ၈၈ မိနစ်နှင့် ၉၀+၂ မိနစ်တို့မှာ ဦးဆောင်ဂိုးနဲ့ အနိုင်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။ Sunderland v Brighton vs ပွဲစဉ်မှာ တယောက်လျော့ Brighton ကို Sunderland တို့ အနိုင်ကစားထားနိုင်ခြင်း မရှိခဲ့ပါဘူး။
Saturday Match ပွဲစဉ်ရဲ့ နောက်ဆုံးပွဲစဉ်မှာ Man United တို့ Tottenham ကို အနိုင် မကစားနိုင်ခဲ့ပါဘူး။ ၇၃ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ ၉၀+၂ မိနစ်မှာ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ၇၈ မိနစ်မှာ Tottenham ကစားသမားတယောက် အထုတ်ခံခဲ့ရပါတယ်။ United အနေနဲ့ တယောက်လျော့ အသင်းတွေကို နိုင်အောင် မကစားနိုင်တာက အတော်ဆိုးလှပါတယ်။ တဖြည်းဖြည်း ဓါတ်ပြားအဟောင်းကြီးပဲ ပြန်ဖွင့်လာနေပါပြီ။ ဒီအတိုင်းဆို နည်းပြ Michael Carrick လည်း နေရာလှုပ်စ ပြုလာတော့မှာ ဖြစ်ပါတယ်။
(photos from EPL page)