ကျနော်အိမ်မှာရှိသော ကြက်မကြီးသည် ယခုအခါ
တတိယအကြိမ် ဥများပေါက်ဖွားလာခဲ့ပြန်ပါသည်။
ပထမအကြိမ်မှာ ကြက်ဖတကောင်မွေးဖွားခဲ့သည်။
ထိုကြက်ဖကြီး ကြက်လားမြှောက်ပြီးသကာလ
ကြက်မကြီးနဲ့ ပြန်ညားကာ ယခုတတိယအကြိမ်
မှာ ဥကိုး ဥ ပေါက်ပြီး အကောင် ငါးကောင်ပေါက်လာသည်။
ယနေ့ထိ ငါးကောင်ပါက်ပြီး ကျန်လေးဥက ဆက်လက်
ပေါက်မည်လား မသိပေ။
ကြက်မကြီး ဥ ဥသည်နှင့် ပတ်သက်၍ ကျွန်တော့်အိမ်မှ
လူများက အမျိုးမျိုး မှတ်ချက်ပေးကြသည်။
ဥ ကိုး ဥပေါက်ပြီး အကောင်ငါးကောင်သာ
ပေါက်သဖြင့် တာရာပွကြီးက ကြက်မကို
အပြစ်တင်ပြောသည်။ ကြက်မနဲ့ အဖြစ်မရှိလိုက်တာ။
ဝပ်နေတာ ဘယ်လို ဘယ်ဝါ စသဖြင့် ကြက်မ
ဥများ ဝပ်နေသည်ကိုကြည့်၍ ပြောဆိုနေသည်။
သူကဖြင့် သူကိုယ်တိုင် အဖြစ်မရှိတာ သတိမေ့နေ
သည်။ ကြက်မက လေးကောင်ပေါက်ပြီးနောက်
ကြောင်အိမ်အောက်ဆင်းကာ အစာရှာသည်။
ကြက်မသည် ကြောင်အိမ်အဟောင်း အပေါ်ဆုံးထပ်မှာ
ဥများပေါက်ပြီး ဝပ်ကာ အကောင်ပေါက်လာခြင်း
ဖြစ်သည်။ ထိုကြောင့် ကြက်မကြီး ကြောင်အိမ်ပေါ်မှ ဆင်းလာသောအခါ ကြက်ပေါက်လေးမျကို အောက်
ချပေးရသည်။ ယနေ့မှာ ကြက်ပေါက်လေးတကောင်
ထပ်ပေါက်သည်။ ကြက်ငါးကောင်အနက် သုံးကောင်က
သန်မာပြီး နောက်မှ ပေါက်သော နှစ်ကောင်က
သန်မာမှုမရှိပေ။ သုံးကောင်က ကြက်မကြီးနောက်
လိုက်ပါပြီး အစာကောက်ယူကြသည်။
မနေ့က ပိုစ့်တင်ဖို့ စိတ်ကူးပြီး စာစီခဲ့သော ကြက်မ
အကြောင်းကို ပိုစ့်မတင်ဖြစ်ပေ။ မျက်မှန်မရှိ၍
ယနေ့မှသာ ပို့စ်တင်ဖြစ်သည်။ ဒီတော့ ကြက်မ
မိသားစုအကြောင်း ပြည့်စုံစွာ တင်ရပေမည်။
ကြက်မဥ ကိုးဥအနက် ခုနှစ်ကောင်သာပေါက်သည်။
ကျန်နှစ်ဥ က ပေါက်ဖွားခြင်းမရှိပေ။ အကောက်ပေါက်လာသော
ကြက်ပေါက်စ ခုနှစ်ကောင်အနက်
ယနေ့မနက်မှာ အဝါလေးတစ်ကောင်က အစာမစား၊
ရေမသောက်ပဲ နေကာ သေဆုံးသွားသည်။
မည်သည့်ကြောင့် သေသွားသည်ကို မသိရပေ။
မနေ့က ခုနှစ်ကောင်မြောက် ဥမှာ ဥမှအက်ကွဲပြီး
အပြင်မထွက်နိုင်ဖြစ်နေသည်။ ထိုအခါ ပုရွက်ဆိတ်များ
က လာပြီးထိုဥကို ဝိုင်းအုံးနေကြသည်။ ကျွန်တော်က
ထိုပုရွက်ဆိတ်အုံနေသော ဥ ကို မအောင်တော့ဟု
မှတ်ယူ၍ ဘေးဖယ်ထားမိသည်။ တူမ၏ အမျိုးသားက
ရောက်လာပြီး ထိုဥကို ကိုင်ကြည့်ပြီး အထဲမှာ
လှုပ်နေသေးတယ်။ အကောင်က မသေသေးဘူးဟု
ပြောပြီး ဥခွံများကို ဖယ်ရှားသည်။ ဥအတွင်းမှ
ပုရွက်ဆိတ်များကိုလည်း ဖယ်ရှားပြီး သွေးစ
သွေးနလေးများကို သုတ်ပေးသည်။ ထိုနောက်
အာငွေ့ပေးပြီး ဝပ်ကျင်းမှာပြန်ထားလိုက်သည်။
သေသွားသော ကြက်ပေါက်လေး။
ထိုအကောင်ပေါက်လေးကို ဝပ်ကျင်း ကြောင်အိမ်
မှာထားပြီး ခဏအကြာမှာ ကြက်မကြီးနှင့် သူ့ကလေးများကို
ညနေရောက်ပြီးမို့ ပြန်သွင်းထားလိုက်သည်။
နောက်တနေ့မနက်မှာတော့ ထိုပုရွက်ဆိတ်အုံသော
ကြက်ပေါက်လေး သေးသလား၊ ရှင်သလား
သိချင်မိကြသည်။ မနက်ခင်း ကြောင်အိမ်တံခါးဖွင့်
ကြည့်သည့်အခါမှာတော့ ထိုကြက်ပေါက်လေးက
ခေါင်းလေး၊ ခြေလေးများလှုပ်ပြီး အမွှေးလေး
များဖြင့် ကြက်လာမြောက်လာခဲ့လေသည်။
ထိုကြက်လေးကိုကြည့်၍ အိမ်သားများ စိတ်ချမ်း
သာကြသည်။ သို့ပေသိ နေ့လယ်ခင်း မရောက်မီ
ပထမပေါက်သော ကြက်ဝါလေးသုံးကောင်မှ
တစ်ကောင်က သေဆုံးသွားသဖြင့် စိတ်မချမ်းသာ
ဖြစ်ရပြန်ပေသည်။ အော် ဘဝက ပျော်လိုက်
ရွှင်လိုက်၊ ရီလိုက် ငိုလိုက်ဖြင့် မည်သည့်အရာမျှ
မတည်မြဲပါလား။
@htwegyi
October 9, 2026