စာနာစေချင်

Words
158
Reading
1 min
Listen
Play
8h

Wifi က ခုထိ လာ မပြင်သေးပေ။ ကြာသပတေးနေ့ ကတည်းက ပျက်နေတာ အင်္ဂါနေ့အထိတောင် ရောက်လို့လာပြီ ဖြစ်၏။ ဒီလောက်ထိ ကြာနေတာကတော့ တကယ် အဆင်မပြေလှပေ။ ဘာမှ လုပ်မရ။ Internet မရှိခြင်းက ဒီဘက်ခေတ်မှာ အတော်ဆိုးလှ၏။ ပြီး ကျနော့် အိမ်ဘက်မှာက Mobile data လိုင်းမကောင်းပေ။ အိမ်က အနိမ့်ဘက်မှာ ဖြစ်နေတာရယ် အနီးအနားမှာ ဆက်သွယ်ရေး tower တိုင်တွေ မရှိနေသောကြောင့်လည်းပါ၏။

ထို့ကြောင့် ကိုယ့် data နဲ့ ကိုယ် သုံးချင်တောင် သုံးမရနေပေ။ အတော်လေး နှေး၏။ မနက်ခင်း ပိုစ့်တင်ဖို့တောင် အတော်အချိန်ယူပြီး စောင့်တင်မှရ၏။ 4G ရနေသည့်အချိန်မှာ H+ သာ တတ်သည်ဆိုတော့ ကျနော့် အိမ်နားက Internet line အခြေအနေကို မိတ်ဆွေတို့ ခန့်မှန်းလို့ ရလောက်ပါပြီလေ။ ထို့ကြောင့် wifi ရှိနေမှကို အဆင်ပြေမည် ဖြစ်၏။

Company တွေကလည်း တာဝန်ယူမှု အပိုင်းမှာ အတော်လေး အားနည်း၏။ အပြိုင်အဆိုင် ခေတ်ကြီးမှာ သုံးစွဲသူကို အလေးမထားခြင်းက အတော်ဆိုးသည့် လုပ်ရပ်ပင်။ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက် ဆိုသည့် စိတ်မျိုး မရှိ၊ မထားဘဲ ခေတ်ပျက်ကြီးလေဆိုပြီး ရောရောချနေကြ၏။ ကြိုးလေး ပျက်တာကို ၃ ရက်လောက် စောင့်ရမယ်ဆိုတော့ အတော်လေး လွန်၏။ လစဉ်ကြေးပေးသွင်းဖို့ ဆိုရင် ရက် မပြောနဲ့ နာရီပိုင်းတောင် အလွန်မခံပေ။ ဒါတောင် ကြိုသွင်းနော်။

ခေတ်ကြီးကောင်းနေရင်တော့ ဘာညာ ပိုစ့်တင်၊ ကွန်ပလိန်းတက် လုပ်ပစ်လို့ရ၏။ ခုက ခေတ်ကြောင့်ကော ကိုယ်တိုင်လည်း မပြောချင်နေတာနဲ့ သူတို့ လုပ်သမျှ လုပ်သလိုပဲပေါ့ ဆိုပြီး စိတ်သာ လျှော့ထားလိုက်တော့၏။ တချိန်ချိန် အခါအခွင့်သင့်ရင်တော့ ပြောဖြစ်ပါလိမ့်မည်။ သူဌေးက ထိုသို့ မချမှတ်ထားဘူးဆိုရင် ဝန်ထမ်းတွေနဲ့သာ သက်ဆိုင်ပေလိမ့်မည်။ နို့ပေမဲ့လည်း ခုလို ရှည်ကြာနေခြင်း အဆင်မပြေမှုများကို သူဌေးအနေဖြင့် သိသင့်၏။ ဒါမှ ပြင်ဆင်လို့ ရမယ် မဟုတ်လား။

အဆင်မပြေဘူးကွာ တခြား fiber (wifi) ပြောင်းတပ်မယ်ဆို နစ်နာသည် မဟုတ်လား။ အို ဒါလည်း တယောက်တလေပါဟု တွေးထား တွေးနေရင်တော့ မပြောတတ်ပေ။ ဒီနေ့ နေ့လည်တော့ လာပြင်ပေးတန် ကောင်းပါရဲ့။ လူလည်း မဲဇာ ရောက်နေသလိုပင်။ ကမ္ဘာကြီး အဆက်ပြတ်နေတာ ရက်အတော်ကြာနေပြီ။

စာနာစေချင် | Ecency