City Still Leading

Words
238
Reading
2 min
Listen
Play
12h

Special Saturday မှာ EPL ပွဲစဉ် ၆ ပွဲ ကစားခဲ့ပါတယ်။ Super Sunday မှာတော့ ၃ ပွဲ ကစားခဲ့ပါတယ်။ Tuesday မနက် ၁ နာရီမှာတော့ ကျန်ပွဲစဉ်ကို ကစားသွားဖို့ ရှိနေပါတယ်။ Sunday ၃ ပွဲမှာ ၁ ပွဲ သရေ ကျခဲ့ပြီး ကျန် ၂ ပွဲက အရှုံးအနိုင် အဖြေ ပေါ်ခဲ့ပါတယ်။ Hull City vs Everton ပွဲစဉ်မှာ တဖက် ၂ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့၏။ အိမ်ရှင် Hull City က ၄၈ မိနစ်မှာ ဦးဆောင်ဂိုး အရင်သွင်း၏။ ၅၅ နှင့် ၆၈ မိနစ်တို့မှာ ဧည့်သည် Everton က ချေပဂိုးနှင့် ဦးဆောင်ဂိုးတွေ သွင်းယူ၏။ ၇၄ မိနစ်မှာတော့ Hull City တို့ ချေပဂိုး ပြန်လည် သွင်းယူပြီး သရေ တမှတ်စီ ခွဲဝေ ယူသွားကြ၏။

Crystal Palace vs Nottm Forest ပွဲစဉ်မှာတော့ Crystal Palace က ၃-၁ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့၏။ ဦးဆောင်ဂိုးကို ပွဲ အစ ၃ မိနစ်မှာ ကတည်းက Nottm Forest တို့ အရင် သွင်းယူခဲ့၏။ သို့ပေမဲ့ ၄၁ နှင့် ၄၅+၄ မိနစ်တို့မှာ ချေပဂိုးနှင့် ဦးဆောင်ဂိုးတို့ကို သွင်းယူပြီး ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့၏။ ဒုတိယပိုင်း ၅၉ မိနစ်မှာ တတိယဂိုး ထပ်မံသွင်းယူပြီး အနိုင် ၃ မှတ်ကို Crystal Palace တို့ ရယူသွားခဲ့၏။

ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ်ဟု ဆိုရမယ့် Liverpool vs Man City ပွဲစဉ်မှာတော့ ဧည့်သည် City က ၀-၃ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမပိုင်းမှာ ဘယ်အသင်းမှ ဂိုး မသွင်းနိုင်ဘဲ ဂိုးမရှိ သရေ ရလဒ်သာ ဖြစ်ပေါ်ခဲ့၏။ ပွဲ၏ အလှည့်အပြောင်းက ဒုတိယပိုင်း ၆၂ မိနစ်မှာ ဖြစ်ပေါ်ခဲ့၏။ Liverpool ကစားသမား Gravenberch ၂ ဝါ ၁ နီနဲ့ ထုတ်ခံခဲ့ရပါတယ်။

ထို့နောက် ပွဲက City ပွဲ ဖြစ်သွားခဲ့လေတော့၏။ တယောက်လျော့ သွားတဲ့ Liverpool တို့ ဂိုးတွေ ဆက်တိုက် ပေးရလေတော့၏။ ၆၅၊ ၆၈ နှင့် ၇၈ မိနစ်တွေမှာ City တို့ ၃ ဂိုးဆက် သွင်းယူသွားပြီး Anfield ကွင်းကနေ အနိုင် ၃ မှတ် ရယူသွားခဲ့လေ၏။ ၆ ပွဲ ကစားပြီး ၆ ပွဲနိုင် ရာနှုန်းပြည့် နိုင်ပွဲ နှင့်အတူ EPL ကို ဦးဆောင်ထား၏။ ဒီပုံအတိုင်းဆို ဒီနှစ်လည်း City နဲ့ Arsenal ပဲ အပြိုင်လုရဦးမယ် ထင်ပါရဲ့။

တယောက်လျော့ အသင်းကို အနိုင်ယူနည်းအား City ထံကနေ United တို့ ပြန်လည်လို့ သင်ယူရမယ် ထင်ပါရဲ့။ သူတို့ တယောက်လျော့ချိန်မှာလည်း United ကို အနိုင်ကစားခဲ့ပြီး ခု တယောက်သာ နေချိန်မှာလည်း Liverpool ကို အနိုင်ကစားခဲ့လေ၏။ ဒီရာသီ City ၏ EPL အဖွင့်က ဆက်လက်၍ လှပနေလေ၏။

(photos from EPL page)

City Still Leading | Ecency