ဒီတပတ်မှာတော့ EPL ပွဲစဉ်များ ပြန်လည်လို့ ကစားမည် ဖြစ်၏။ နိုင်ငံတကာ ပွဲစဉ်များ တဖြတ် ကစားပြီးချိန်မှာ သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲတွေ ပြန်လည် ကျင်းပပြီ ဖြစ်၏။ EPL အကြောင်း မစခင်မှာ Ronaldo အကြောင်း အနည်းငယ် ပြောလိုက်ရအောင်။ Portugal အသင်း ကနေ ထွက်ခွာလာခဲ့တဲ့ Ronaldo ဒီနေ့ မနက် ၁၂ နာရီခွဲမှာ ကစားတဲ့ Al Nassr ၏ Saudi Arabia Pro League Round ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခဲ့ပါတယ်။
Portugal မှာ နန်းကျ ဘုရင်လို့ ပြောကောင်းပြောလို့ရပေမဲ့ Al Nassr မှာတော့ သူဟာ ဘုရင်တပါး အဖြစ် ရှိနေဆဲပါ။ Al Nassr မှာမှ မဟုတ်ပါဘူး Saudi Arabia မှာပါ ဘုရင်တပါး အဖြစ် စိုးစံနေရဆဲ ဖြစ်ပါတယ်။ ၂၀၂၂/၂၃ ကနေ စလို့ ဒီနေ့ ဒီအချိန်ထိ Saudi Arabia မှာ Ronaldo တယောက် နာမည် ဂုဏ်သတင်းကြီးမှုကို ဆက်လက်ပြီး ထိန်းထားနိုင်ဆဲပါ။ အသက်အရွယ်ကြောင့် ခြေစွမ်းပိုင်းနဲ့ ပတ်သက်လို့ သံသယလေးတွေ ရှိကောင်း ရှိနိုင်ပေမဲ့ အောင်မြင် ကျော်ကြားမှု အပိုင်းမှာတော့ နည်းနည်းလေးမှ မလျော့သွားသေးပါဘူး။
မနက်က ပွဲမှာ Al Nassr တို့ Al Diriyah ကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ Ronaldo ၁ ဂိုးသွင်းယူပါတယ်။ Ronaldo ရဲ့ စိတ်အခြေအနေ တည်ငြိမ်ပြီလားဆိုတာကတော့ သူကိုယ်တိုင်သာ သိပါလိမ့်မယ်။ သို့ပေမဲ့ သွင်းဂိုးရယူနိုင်ခဲ့ခြင်းကြောင့် အနည်းငယ်တော့ စိတ်သက်သာရာ ရကောင်းမည် ထင်ပါရဲ့။ Keep Going ပါ Cristiano ရေ။
EPL Round 6 အဖွင့်ကို Arsenal vs Leeds ပွဲစဉ်နဲ့ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ စနေနေ့ရဲ့ နောက်ဆုံး ပွဲစဉ်အဖြစ် Man United vs Tottenham တို့က ည ၁၁ နာရီမှာ ကစားသွားဖို့ ရှိနေပါတယ်။ EPL Round 5 နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ Arsenal တို့ Brighton ကို ၃-၀ ဖြင့် ရှုံးနိမ့်ကာ အဆင့် ၁ နေရာကနေ ဖယ်ပေးခဲ့ရပါတယ်။ Leeds အနေဖြင့်ကလည်း အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ၃ မှတ်သာ ကွာတဲ့ ဒီ နှစ်သင်းတွေ့ဆုံမှုက စိတ်ဝင်စားဖို့ ကောင်းတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။
စနေနေ့မှာ ကစားမယ့် ပွဲစဉ်က ၆ ပွဲ ရှိပါတယ်။ ဒါပေမဲ့ Man United ပွဲ အကြောင်းပဲ တိုက်ရိုက်သွားလိုက်ရအောင်။ ပွဲစဉ် ၅ ပြီးချိန်ထိ နိုင်ပွဲ မရသေးတဲ့ Tottenham ကို United တို့ အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ နိုင်ပွဲ မရသေးတဲ့အပြင် ပြီးခဲ့တဲ့ Round 5 မှာမှ EPL သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့တာပါ။ ဂိုးရပေမဲ့လည်း Aston Villa ကို ၂-၃ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ ကိုယ်တွေ United ကလည်း ဘာထူးလို့လည်း ၅ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရထားသေး၏။ ၂ ပွဲရှုံး ၂ ပွဲသရေ ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၂ နေရာ ရောက်နေ၏။ အမှတ်ပေးဇယား အထက်ပိုင်းလေး တက်ရောက်နိုင်ဖို့ အတွက် Tottenham ကို အနိုင်ကစားဖို့ လိုမည် ဖြစ်၏။
(photos from RSL & EPL pages)