မံမီ ဂူသင်္ချိုင်းများ

Words
100
Reading
1 min
Listen
Play
4y

img_0.7621092795142147.jpg

ဟဲရီဆင်ဖို့ ရဲ့ အင်ဒီရာနာဂျုံ ဇာတ်လမ်းတွဲ
များကြိုက်သည်။ ထိုဇာတ်ကားများမှ မဟုတ်ပါ
သူ၏ ဇာတ်ကားများကို အများအားဖြင့်ကြိုက်သည်။
အထူးသဖြင့် ရတနာသိုက်များ ရှာဖွေသည့်
အင်ဒီရာနာဂျုံ ဇာတ်လမ်းများမှ မံမီ ဇာတ်ကား
များက သည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ်ကောင်းသည်။

မံမီ ဇာတ်ကားမှ မံမီရုပ်အလောင်းကြီး
ထပြီး အသက်ဝင်လာသည့် ဇာတ်ဝင်ခန်းများသည်
ကြည့်သူကို စွဲဆောင်မှုရှိစေသည်။ ဟောလီဝုတ်
၏ နည်းပညာများက အံ့မခန်းရှိလှသည်။
မံမီရုပ်အလောင်းများနှင့် ပတ်သက်၍
Youth မဂ္ဂဇင်းမှာ ရေးသားသည်များကို
ပြန်လည်းမျှဝေလိုက်ပါသည်။

img_0.08778881492898208.jpg
Credit Image .

ယခုဘဝခန္နာကိုယ်ကို တမလွန်ဘဝတွင်
ဝင်‌ရောက်နေထိုင်ရန် ခန္ဓာကိုယ်ရှိရန်လိုသည်ဟု
အီဂျစ်တို့ကယုံကြည်သည်။ ထိုကြောင့်
ရုပ်အလောင်းကို နှစ်ပေါင်းများစွာ ခံအောင်
ပြုလုပ်ထားသည်။ ထိုရုပ်အလောင်းကို မံမီဟုခေါ်သည်။
ရုပ်အလောင်းကို သစ်စေးများဖြင့်
မွမ်းမံသည်။ အရောင်မဲပြီး စေးကပ်သောကြောင့်
မံမီဟုခေါ်ခြင်းဖြစ်သည်။

ac3qvbpcmm.jpg

အီဂျစ်မှ မံမီများသည် ထူးခြားသောစွမ်းရည်များ
ရှိသည်ဟုယုံကြည်ကြသည်။ ထို့ကြောင့် မံမီများကို
ရှာဖွေတူးဖော်ကာ အမျိုးမျိုးအဖုံဖုံ အသုံးချ
ကြသည်။ မံမီရုပ်အလောင်းကို အမှုန့်ပြုလုပ်၍
ဆေးဝါးများတွင်အသုံးပြုခြင်း၊ ပန်းချီဆွဲရာ
တွင်အသုံးပြုခြင်းနှင့် မြေသြဇာအဖြစ်လည်း
အသုံးပြုခဲ့ကြသည်။

မံမီရုပ်အလောင်းများကို ဂူသွင်း သင်္ဂြိုလ်သော
အခါ ရွှေ၊ ငွေ၊ ပစ္စည်းများထဲ့ပေးကြသည်။
လောဘသားတို့က ဖောက်ခိုးယူကြသည်။
ထိုကြောင့် ဖာရိုဘုရင်များ၏ရုပ်လောင်းတွေကို
ပိရမစ်ကြီများ ဆောက်လုပ်မြှုပ်နှံသင်္ဂြိုဟ်မှုတွေ
နည်းပါးလာသည်။ နောက်ပိုင်း ပိရမစ်များ
မတည်တော့ဘဲ ဂူသင်္ချိုင်းများကို လျှိုဝှက်
ဖုံးကွယ်ပြီး ပြုလုပ်လာကြသည်။

(ဆက်ရန်)

htwegyi@htwegyi
29-4-2022

မံမီ ဂူသင်္ချိုင်းများ | Ecency