လမင်းကြီးနှင့် အမှိုက်ပုံ

Words
70
Reading
1 min
Listen
Play
7y

image

တပေါင်းလပြည့်ကျော် 2 ရက်ည လမင်းကြီးက
ထိန်ထိန်သာနေသည်။ မန္တလေးပြည်သူ့ဆေးရုံ
အဆောင်သစ်ကြီး၏ အထက်ကောင်းကင်ယံ၌
လမင်းက ဝင်းဝါထိန်သာနေသည်။ အဆိုပါဆေးရုံအဆောက်အဦအသစ်ကြီးတွင် ကျွန်‌တော်၏
ဇာတ်လိုက်ကျော် kit ko ဆေးရုံတက်ခဲ့ဘူး
သည်။

imq7j5.jpg

kit ko ဆိုင်ကယ်နှင့် တိုက်မိ၍ တက်ရောက်
ဆေးကုသခဲ့ခြင်းဖြစ်သည်။ kit ko ၏
ခြေထောက်မှ ကျောက်ပတ်တီးမှာ ယခုထိ
မဖြေရသေးပေ။ kit ko ၏ လက်လန်အောင်
ဆော့ချက်ကြောင့် ပတ်တီး မဖြုတ်ရခြင်း
ဖြစ်သည်။

kawq19.jpg

ဆေးရုံအဆောက်အဦသစ်ကြီး အထက်တွင်
လမင်းကြီး ထိန်ထိန်သာနေပါသော်လည်း
ဆေးရုံအောက် 77လမ်းမရှိ အမိုက်ပုံကြီးကလည်း
ဟီးထနေသည်။ မန်းစည်ပင်နှင့် မီးရထား
လမ်းဘေးဈေးသည်များ ပြဿနာတက်၍
ထင်ပါသည်။ စည်ပင်က အမှိုက်မသိမ်း၍
အမိုက်ပုံ ကြီးမားလာသလားမသိ။

9osjcr.jpg

လှပသာယာသော ညချမ်းအချိန်မှာ
လမင်းကြီး အစွမ်းကုန် အေးချမ်းလှပမှုပေး
သော်လည်း၊ အမှိုက်ပုံကြီးကလည်း
အစွမ်းကုန် အနံ့များထုတ်လွှတ်၍
အကြီးတန်မှုကို ဖြစ်စေတော့သည်။

htwegyi@htwegyi
Photo htwegyi@htwegyi
MSC.036

လမင်းကြီးနှင့် အမှိုက်ပုံ | Ecency