ခေါင်းစဉ်မဲ့ကဗျာ - ၂၃

Words
18
Reading
1 min
9h
Listen to this post
~1 min

အမှတ်မရှိသေးတဲ့ကိုယ်ဟာ
တခါတလေ မိုက်ရူးရဲဆန်စွာ
အတိတ်တွေကို တူးဆွမိနေတုန်းပဲ...
အထုံးတစ်ရာပါ ကြိုးတစ်ချောင်းနဲ့ချီထားတဲ့
သံယောစဥ်ထုပ်ဟာ ဒဏ်ရာဗလာပွနဲ့
မြင်မကောင်းအောင် ညစ်ပေနေခဲ့ပြီ
ဒါကိုပဲ ဒီအမိုက်မဲကောင်က
မြတ်နိုးစွာ နမ်းရှိုက်မိနေတုန်း...

IMG_20261012_105217.jpg

ကိုကိုမိုးဟိန်း
#KoKoMoeHein
myanmarkoko@myanmarkoko

ခေါင်းစဉ်မဲ့ကဗျာ - ၂၃ | Ecency