Laptop and Hivesigner

Words
170
Reading
1 min
Listen
Play
5y

img_0.7621092795142147.jpg

မနေ့က ပိုစ့်မတင်ဖြစ်ပါ။ မြို့ထဲ သွားသည့်အတွက်
စာရေးဖို့ အချိန်မရတော့ပေ။ ထိုအပြင်
nweoomon@nweoomon ၏ laptop အား
ကလိမိသဖြင့် အချိန်မရတာလည်း ပါပေသည်။
ကျွန်တော်တို့က steemit and hive များကို
ဖုန်းဖြင့်သာ ဝင်ထွက် ပိုစ့်တင် စာရေး
တတ်သည်။ ဖုန်းဖြင့်သာ အသုံးပြုသဖြင့်
laptop ကိုပြောင်းသုံးသည့်အခါ
မသုံးတတ်ဖြစ်နေသည်။

laptop တွင် ပထမဦးစွာ Hivesigner
ဖြင့် ဝင်မိသည်။ အဲ့မှာ ပြဿနာတက်ပါသည်။
Hivesigner သို့ဝင်သည့်အခါ
Hivesigner က password
တောင်းသည်။ ဖုန်းဖြင့် ဝင်ခဲ့သည့်
Hivesigner ၏ password ကို
မေ့နေသည်။ သို့နှင့် မြန်မာဟိုက်အဖွဲ့သားများ
ကို အကူအညီတောင်းမိသည်။

အဖွဲ့သားများမှ massager မှာ မည်သူများ
စိမ်းနေ ရှိနေမလဲဟု ရှာမိသည်။
Ko Than Naing Soe ကိုတွေ့ရသည်။
သူအားမေးကြည့်မိသည်။ နောက်တခုက
laptop မှာ Facebook ဝင်မရ
ဖြစ်နေသည်။ အဲ့မှာ စဉ်းစားမိသည်
ဖုန်းများ၌ Facebook ဝင်သည့်အခါ
VPN ကျော်ရသည်။ laptop မှာလည်း
ကျော်ရမည်ဟု တွေးမိသည်။

img_0.028717651615615767.jpg

သို့နှင့် Facebook မှာ မည်သည့်
VPN ဖြင့် ကျော်ရမည်ကို
Ko Than Naing Soe ထံ မေးရပါသည်။
သူက ZenMate VPN for PC ဖြင့်
‌ဒေါင်း၍ သုံးကြည့်ရန် ပြောသည်။
သူပြောသည့်အတိုင်း ကလိကြည့်တော့
Facebook ကြည့်လို့ အဆင်ပြေသွားသည်။

နောက်တစ်ခု Ecency သို့ဝင်ကြည့်သည့်အခါ
‌ချောချောမောမောရသွားသည်။ သို့သော်
Ecency မှာ မြန်မာစာဖောင့်က အမှန်မပေါ်
ပေ။ ဖောင့်အမှန်ပေါ်အောင် မည်သို့
လုပ်ရမည်ကို ပြောကြားပေးကြပါ။
ကွန်မန့်မှာ မည်သို့လုပ်ဆောင်ရမည်ကို
ပြသပြောကြားပေးကြပါ။

Hivesigner ၏ password ကတော့
ကိုဟိန်းမှ Hivesignerကို ပြန်ထွက်ပြီး
Posting key, Activate key များဖြင့်
ဝင်ကာ password အသစ် မိမိကိုယ်တိုင်
ပြုလုပ်၍ ပြန်ဝင်နိုင်ကြောင်း ပြောပါသည်။
ယခုတော့ လုပ်မကြည့်ရသေးပေ။
Ecency မှာ အဆင်ပြေနေ၍
Ecency မှ ပိုစ့်တင်ရန်နှင့် Hivesigner
ကို ဖြည်းဖြည်းမှ ပြုလုပ်ရန်
nweoomon@nweoomon ကိုပြောခဲ့ရသည်။
မေးမြန်းသည်များကို ဖြေကြား
ပေးသော ကိုဟိန်းနှင့် ကိုသန်းနိုင်စိုး
အား ကျေးဇူးအထူးတင်ပါသည်။

htwegyi@htwegyi
16-10-2021

Laptop and Hivesigner | Ecency