3 Points

Words
196
Reading
1 min
Listen
Play
2h

Man United Women အသင်း အနေဖြင့် ပထမဆုံး WSL နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပြီ ဖြစ်၏။ မနေ့က အိမ်ကွင်းမှာ West Ham ကို ၂-၁ ဖြင့် အနိုင်ရသွားခဲ့၏။ ပွဲ အစ ၉ မိနစ်မှာတင် United တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့၏။ ပထမပိုင်းမှာ ၁-၀ ဖြင့် United တို့ ဦးဆောင်ထားခဲ့၏။ ဒုတိယပိုင်း ၇၂ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုး ထပ်မံသွင်းယူပြီး ၂-၀ ဖြင့် ဦးဆောင်ထားခဲ့၏။ ၉၀+၂ မိနစ်မှာ West Ham တို့ ချေပဂိုး ၁ ဂိုး ပြန်လည် ရယူသွားနိုင်ခဲ့၏။ ယခု နိုင်ပွဲကြောင့် United အနေဖြင့် အဆင့် ၉ နေရာသို့ တက်လှမ်း လာနိုင်ခဲ့၏။

ဒီတပတ်ရဲ့ ပွဲစဉ်ကောင်းဟု ဆိုရမယ့် Chelsea vs Arsenal ပွဲစဉ်မှာတော့ အိမ်ရှင် Chelsea က Arsenal ကို ၁-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ယခုနိုင်ပွဲကြောင့် Chelsea အနေဖြင့် အမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၃ နေရာမှာ ရပ်တည်နေ၏။ အဆင့် ၂ နေရာမှာ ရပ်တည်နေတာကတော့ Tottenham Women အသင်း ဖြစ်လေ၏။ မနေ့က Aston Villa Women အသင်းကို ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ယူပြီး ဂိုးသွင်းအများဆုံး အသင်းအဖြစ် ရပ်တည်နေ၏။

Liverpool women အသင်း အနေဖြင့်လည်း Everton women အသင်းကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အနိုင်ယူပြီး ရမှတ် ၇ မှတ်ဖြင့် အဆင့် ၅ နေရာမှာ ရပ်တည်နေ၏။ Everton women အသင်းကတော့ ရမှတ် ၆ မှတ်ဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်နေ၏။

Nations League ပွဲစဉ်တွေမှာတော့ ထင်မှတ်မထားသည့် ရလဒ်တွေ ထွက်ပေါ်ခဲ့၏။ Greece က Germany ကို ၀-၁ ဖြင့် အနိုင်ရသွားခဲ့၏။ Group 2 မှာ Netherlands က Serbia ကို ၁-၂ ဖြင့် အနိုင်ရသွားခဲ့၏။ Group 2 ကို Greece အသင်းက ဦးဆောင်ထား၏။

Group 4 မှာ Denmark အနေဖြင့် Wales ကို ၂-၀ ဖြင့် အနိုင်ရသွားခဲ့၏။ Norway အနေဖြင့် Ronaldo မပါသည့် Portugal ကို ၁-၂ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ Portugal နည်းပြသစ် Jorge Jesus က ‌ကစားသမား ပွဲထုတ်ပုံ အပြောင်းအလဲတွေ လုပ်သွားခဲ့၏။

(photos from UEFA & WSL pages)

3 Points | Ecency