အားကျသတဲ့

Words
108
Reading
1 min
Listen
Play
5y

img_0.7621092795142147.jpg

ယနေ့အလုပ်များချက်ကတော့ ရေပင်
မချိုးရပေ။ ရေချိုးဖို့နောက်ကျ၍
ရေမချိုးရခြင်းဖြစ်သည်။ ကျွန်တော်က
နေ့လယ် 12 နာရီကျော်လျှင်
ရေမချိုးတော့ပါ။ သင်အသက်ရှည်လိုပါလျှင်
12 နာရီအရှေ့ပိုင်းရေချိုးပါ။ 12 နာရီ
ကျော်သွားသည့်နှင့် ရေချိုးပါက
ရောဂါဘယ ထူးပြောတတ်သည်။
အဆိုပါရေချိုးမှုက ဖြစ်နိုင်ချေရှိသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်လေ့လာ
ကြည့်မိသော အသက်အရွယ်ကြီးသူများအားလုံးသည်
မနက်ခင်းမှာ ရေချိုးသူများဖြစ်ကြသည်။

မနက်ခင်းဆိုသည်မှာ သူ့ရာသီ သူ့အချိန်နှင့်
12 နာရီအရှေ့ပိုင်းရေချိုးကြခြင်းဖြစ်သည်။
အလုပ်များသည်ဆိုသည်မှာ တူမဖြစ်သူကို
Hive Account အသစ်ဖွင့်ပေးနေရခြင်းဖြစ်ပါသည်။ တူမ ဖြစ်သူက ကျွန်တော် hive
မှ စာရေးရသည်ငွေဖြင့် ဆန်အိတ်ဝယ်သည့်ကို
အားကျ၍ဖြစ်သည်။

img_0.2060094230915047.jpg

သူမက စာရေးဖို့ စိတ်ဝင်စားသည်မဟုတ်
ဒေါ်လာရသည် ငွေရသည်ဆို၍
အနည်းငယ်စိတ်ဝင်စားခြင်းဖြစ်သည်။
သမီးလည်းစာရေးပြီး ပိုစ့်တင်ချင်တယ်ဆို၍
အကောင့်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။
မည်သို့ရေးရသည်အကြောင်း ရှင်းလင်း
ပြသနေရသည်။

အကောင့်သာဖွင့်ပေးထားသည်
သူစားရေးချင်သည်စိတ်ရှိမှ ရေးပါမည်တဲ့။
သူများတွေ မည်သို့ရေးထားသည်ကို
လေ့လာပါဦးမည် ဟုပြောသည်။
မည်သို့ပင်ဆိုစေ စိတ်ဝင်စားသည့်ဆို၍
တော်ပေသေးသည်။ အလုပ်မရှိ တနေ့ တနေ့
Facebook မှ အစားတလိုင်းများ၊
အွန်လိုင်းရှော့ပင်းများ ကြည်နေသည်ထက်
တော့ ကောင်းပေသည်။

img_0.004726153252577729.jpg
Credit Image

အင်တာနက်ပုံမှ ရှမ်းခေါက်ဆွဲက စားချင်းစရာကောင်း၏
ကိုယ်တွေ ရှမ်းက၊ အသားမပါ ဆီ အနည်းငယ်သာ။

နောက်တခုက ယနေ့အိမ်မှာ ရှမ်းခေါက်ဆွဲ
လုပ်စားသည်။ မနက်စာလုပ်စားခြင်းဖြစ်သည်။
မနက်မှ စားရန် စိတ်ကူးပေါက်ပြီးလုပ်ရ၍
မနက်စာနောက်ကျမှ စားရသည်။
ဗိုက်ဆာဆာဖြင့် ရှမ်းခေါက်ဆွဲများကို
စားလိုက်သည် ပိုစ့်တင်ဖို့ ဓါတ်ပုံပင်
မရိုက်လိုက်ရပေ။ အဲ့သလို အလုပ်များတာပါ
ဆို။

htwegyi@htwegyi
14-12-2021

အားကျသတဲ့ | Ecency