တို့လို့ တန်းလန်း

Words
141
Reading
1 min
Listen
Play
4y

img_0.7621092795142147.jpg

Binance Account တခုဖွင့်ကြည့်တာ
ရလား မရလား မသိလို့ ပိုစ့်တင်ပြီး မေးလိုက်
ပါသည်။ ပိုစ့်တခုလည်းရ ကိုယ်သိချင်တာလည်း
သိရတာပေါ့။ ကဲ ဆရာသမားတို့ ဝိုင်းဝန်းလို့
မှိုင်းမတော် မူကြပါကုန်။ ဖော်ပြပါပုံအတိုင်း
အကောင့်ဖွင့်သည်။

Binance App ဖြင့် အကောင့်ဖွင့်ချင်ပါသော်လည်ဒေါင်းမရ ပြဿနာဖြစ်၍ Browser
မှဖွင့်ရပါသည်။ ကိုယ်ရဲ့ဖုန်းက စတိုးပြည့်နေ့လို့လား
ဘာလားမသိပါ Binance App ကို Play Store
မှ ဒေါင်းမရပါ။ ပုံပါအတိုင်း ဒေါင်းပြီး တရာ ရာခိုင်နှုန်း ပြည့်သော်လည်း အင်စတောမလုပ်ပါ။

ထိုကြောင့် Browser မှ ဝင်ရောင်ကာ အကောင့်
ဖွင့်သည်။ အကောင့်ဖွင့်ပြီးသည့်အခါ အကောင့်ကို
Verified ဖြစ်ရန် ဆက်လက်လုပ်ဆောင်ရသည်။
မှတ်ပုံတင် ရှေ့နောက် ရိုက်ပြီးသကလာ
မျက်နှာကို ဗီဒီယိုရိုက်၍ စစ်ဆေးခံရသည်။
ထို ဗီဒီယို စစ်ဆေးသည့်အခါ အနည်းငယ်
အခက်အခဲဖြစ်၍ သုံးလေးခါ ပြုလုပ်ရသည်။

ထိုသို့ ဗီဒီယို ရိုက်စစ်ဆေးသည့် အခါ ဖော်ပြပါအတိုင်း Liveness Check မှာ ပြဿနာ တက်သည်။ Current Device နှင့် Mobile
Phone နှစ်ခုအနက် အောက်မှ Mobile
Phone ကိုနှိပ်မိ၍ ပြဿနာတက်ပါသေးသည်။
အမှန်က အပေါ်က Current Device ကို
နှိပ်၍ ဗီဒီယိုရိုက်ရပေမည်။ သို့မှသာ ရှေ့ဆက်၍
ရပေသည်။

ကိုယ်တွေက ဘရောင်စာသုံးသဖြင့် ဘိုင်နက်ကို
ဖွင့်ရန် ကုတ်များက ဂျီမေးလ်သို့ရောက်လာသည်။
ထိုကုတ်များကို ဖြည့်ပြီးမှသာ ဘိုင်နက်ကို
ဖွင့်ရသည်။ ကိုယ်‌တွေ ဟိုကလိ ဒီကလိလုပ်ပြီး
သည့်အခါ Verified ဖြစ်မဖြစ်တော့မသိပါ။
ယနေ့ 29-11-2022 ရက်နေ့ဟု‌ သော
ရက်စွဲတခု ရရှိထားသည်။

Binance Account Verified ဖြစ်ပြီး
သည့်နောက် Coin များကို မည်သို့ ရောင်း
ဝယ်ရမည်ကို ဆရာသမားများက ဆက်လက်
ညွှန်ကြားပြသပေးကြပါအုံး။ လိုအပ်ချက်များကို
လမ်းညွှန်ပေးကြပါအုံးလို့။ ယခုတော့
Binance Account တန်းလန်းကြီးနဲ့
မည်သို့ရှေ့ဆက်ရမည်မသိပါ။

htwegyi@htwegyi
29-11-2022