သာစည်က သံချက်ဖို။

Words
50
Reading
1 min
Listen
Play
4y

img_0.7621092795142147.jpg

ရတနာပုံခေတ် မင်းတုန်းမင်းတရားကြီးလက်ထက်
တည်ဆောက်ခဲ့သော သံချက်ဖိုစက်ရုံကြီး။ အိမ်ရှေ့စံ
ကိုယ်တော် ကနောင်မင်းသား ဦးစီး၍ အနောက်နိုင်ငံ
ပညာရှင်များခေါ်ယူဆောက်လုပ်ခဲ့သည်။

စစ်ကိုင်း ရွှေတောင်ဦးမော်အရပ် ယခု သာစည်
ရပ်တွင်ရှိသည်။ ပြီးစီအောင် ဆောက်လုပ်နိုင်ခြင်း
မရှိပါ။ မြန်မာလူမျိုးများ အလုပ်ကြီး လုပ်မည်ဆိုပါရင်
အဖျက်အစီးက များသည်။ ညီညွတ်မှုက ရဖို့
အတော်ကို ခက်ခဲသည်။

20221009_125438.jpg

20221009_125631.jpg

တဦးနှင့် တဦး အမြင်မကြည်၊ သွေးထိုးပေးသူက
ရှိပြန်ဆိုတော့ ဘာပြောကောင်းမလဲ။ ရည်မှန်းချက်
ရည်ရွယ်ချက် ရောက်ဖို့ အတားအဆီးများကို
ကျော်ဖြတ်နိုင်ကြပါမှ အောင်မြင်မှုပန်းတိုင်
လှမ်းကိုင်နိုင်ကြမည်။

20221009_125442.jpg

စစ်ကိုင်း ရွှေတောင်ဦးမော် ရောက်စဉ်က
ရိုက်ထားတဲ့ပုံတွေ အလကားမဖြစ်အောင်
ခေါင်းထဲ ပေါ်တာ ချရေးလိုက်သည်။

htwegyi@htwegyi
8-3-2023

သာစည်က သံချက်ဖို။ | Ecency