UEFA Nations League

Words
243
Reading
2 min
Listen
Play
10h

UEFA Nations League ပွဲစဉ်များ ဒီတပတ်မှာ ကစား၏။ UEFA အနေဖြင့် ပုံစံ တမျိုးနဲ့ ကျင်းပသည့် ပြိုင်ပွဲ ဖြစ်၏။ Nations League A,B,C,D ဆိုပြီး အုပ်စုတွေခွဲပြီး ရှုံးထွက် ယှဉ်ပြိုင်ကစားကြ၏။ ထူးခြားတာက တန်းဆင်း တန်းတက် ပုံစံ ပါဝင်၏။ 2018 က စတင် ကျင်းပခြင်း ဖြစ်၏။ နိုင်ငံတကာ ချစ်‌ကြည်ရေး ခြေစမ်းပွဲတွေ မကစားနေတော့ဘဲ ပြိုင်ပွဲ ပုံစံမျိုး ကျင်းပလိုက်ခြင်း ဖြစ်၏။ ဥရောပ အဖွဲ့ဝင် နိုင်ငံများကို ခြေရည်တူခြင်း အတန်းခွဲကာ အုပ်စုဖွဲ့ ရှုံးထွက် တန်းတက်၊ တန်းဆင်း ပုံစံနဲ့ ယှဉ်ပြိုင် ကစားစေ၏။

2018 ကစလို့ 2 နှစ် 1 ကြိမ် ယှဉ်ပြိုင် ကစားလာခဲ့၏။ 4 ကြိမ်မှာ Portugal က 2 ကြိမ်ထိ ဗိုလ်စွဲထား၏။ စပိန်နဲ့ ပြင်သစ်တို့က တကြိမ်စီ ဗိုလ်စွဲထား၏။ ခြေစမ်းပွဲတွေနေရာ အစားထိုးယှဉ်ပြိုင် စေသည့် ပြိုင်ပွဲ ဖြစ်တာမို့ Euro & World Cup qualified တွေနဲ့ ချိတ်ဆက်ထားတာမျိုးလည်း ရှိ၏။ UEFA ၏ စီစဉ်ထားပုံက အတော်လေး ကောင်းမွန်သည်ဟု ပြောလို့ရ၏။

Nations League A ပွဲစဉ်တွေထဲမှာ Group 2 & 4 တို့ စတင် ကစားကြ၏။ ကျန် Group တွေကတော့ ဒီနေ့ ကစားမည် ဖြစ်၏။ ယခင် Liverpool နည်းပြဟောင်း Jurgen Klopp ကိုင်တွယ်နေသည့် Germany အသင်း က Netherlands နဲ့ အဝေးကွင်းမှာ ၁-၁ သရေကျသွားခဲ့၏။ ၂၀၂၄ မှာ Liverpool အသင်းကနေ အနားယူခဲ့ပြီး တကျော့ပြန် နည်းပြ ခရီးလမ်းက နိုင်ငံ လက်ရွေးစဉ်အသင်းနဲ့ ဖွင့်လှစ်လိုက်သည့် Klopp အနေဖြင့် Germany ကို ဘယ်အဆင့်ထိ ရောက်အောင် လုပ်ဆောင်ပြသွားမလဲက စိတ်ဝင်စားဖို့ ကောင်းနေ၏။ ကျနော် နှစ်သက် သဘောကျသည့် နည်းပြတွေထဲမှာ Klopp လည်း ပါဝင်နေ၏။

Group 2 ၏ အခြား ပွဲစဉ် ဖြစ်သည့် Serbia vs Greece ပွဲစဉ်မှာတော့ ဧည့်သည် Greece က ၁-၂ ဖြင့် အနိုင်ရသွားခဲ့လေ၏။ အိမ်ကွင်း အဝေးကွင်း ယှဉ်ပြိုင် ကစားရမှာမို့ နောက်ထပ် ပွဲစဉ်တွေ အများကြီး ကြည့်ရဦးမည် ဖြစ်၏။ Group 4 ပွဲစဉ်တွေမှာတော့ Portugal က Wales ကို Joao Felix ရဲ့ ၁ လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့လေ၏။ Ronaldo ပါဝင် ကစားခဲ့ပေမဲ့ ၆၇ မိနစ်မှာ လူစား လဲလှယ် ခဲ့၏။

Norway vs Denmark ပွဲစဉ်မှာတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့၏။ ၁၄ နှင့် ၁၈ မိနစ်တွေမှာ အိမ်ရှင်အသင်း စောစီးစွာ ၂ ဂိုး ဆက်တိုက် ရရှိသွားခဲ့၏။ Denmark အနေဖြင့် ၂၅ နှင့် ၆၀ မိနစ်တို့မှာ ချေပဂိုးတွေ ပြန်လည်လို့ သွင်းယူနိုင်ခဲ့၏။ သို့ပေမဲ့ ၇၄ မိနစ်မှာ Haaland က အိမ်ရှင်အသင်းအတွက် အနိုင်ဂိုး သွင်းယူပြီး ၃ မှတ် ရယူသွားခဲ့လေ၏။ Haaland အနေဖြင့် အနိုင်ဂိုး အပြင် ၁၈ မိနစ်မှာလည်း သွင်းဂိုး ရယူသွားနိုင်ခဲ့လေ၏။

(photos from UEFA Euro page)

UEFA Nations League | Ecency